ဧပြီ ၃၀၊ ၂၀၁၅
M-Media
– ဗဟိုအာဖရိကနိုင်ငံတွင် ကုလ၏ ငြိမ်းချမ်းရေးတပ်အဖြစ် တပ်ဖြန့်ချထားသော ပြင်သစ်စစ်သားများမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများနှင့် ကလေးငယ်များအား ခေါင်းပုံဖြတ်မှုများ ပြုလုပ်သည်ဆိုသော ပြောကြားမှုများအတွက် စုံစမ်းစစ်ဆေးမှု ပြလုပ်နေသည်ဟု ပြင်သစ်က ကြေညာခဲ့သည်။
ထိုကျူးလွန်မှုများမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၄ ခုနှစ် ဇွန်လအတွင်း မြို့တော် ဘန်ဂီရှိ M’Poko နိုင်ငံတကာလေဆိပ်တွင် ကလေး တစ်ဒါဇင်ခန့်ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြင်သစ်ရုပ်သံ BFMTV မှ ပြောကြားသော မိန့်ခွန်းတွင် ပြင်သစ်သမ္မတ ဟော်လန်ဒေးက ထိုစွပ်စွဲမှုများ မှန်ကန်ပါက ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။
“တကယ်လို့ အချို့စစ်သားတွေက ဆိုးဆိုးဝါးဝါး ပြုလုပ်ခဲ့တယ်ဆိုရင် ကျွန်တော်အနေနဲ့ ညှာမှာမဟုတ်ပါဘူး။ ဒီသတင်းအချက်အလက်က အတည်ပြုနိုင်တယ်ဆိုရင် နောင်ကျင်အောင် အပြစ်ပေးသွားမှာပါ” ဟု ဟော်လန်ဒေးက ပြောကြားခဲ့သည်။
ထိုစွပ်စွဲချက်နှင့်ပတ်သက်သည့် ကုသမဂ္ဂ လူ့အခွင့်အရေးရုံးမှ လျှို့ဝှက်အစီရင်ခံစာတစ်ခု ပေါက်ကြားမှုကလည်း ပိုမို ဒေါသဖြစ်စရာ ဖြစ်ခဲ့သည်။ ထိုသို့ပေါက်ကြားမှုနှင့်ပတ်သက်၍ ကုလလူ့အခွင့်အရေးရုံးမှ ၀န်ထမ်းတစ်ဦးကို တာဝန်မှ ရပ်စဲထားသည်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
အမည်ထုတ်ဖော်ခြင်းမရှိခဲ့သည့် အဆိုပါဝန်ထမ်းမှာ တည်းဖြတ်ရခြင်းမရှိသေးသော ကုလရုံးတွင်း အစီရင်ခံစာကို ကုလလူ့အခွင့်အရေး မဟာမင်းကြီးရုံးရှိ အကြီးတန်း စီမန်ခန့်ခွဲမှုဌာနသို့ မရောက်ခင် ပြင်သစ်အာဏာပိုင်များအား ပေးအပ်ခဲ့သည်ဟု စွပ်စွဲခြင်း ခံထားရသည်။
ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သော ကြေညာချက်တွင် ထိုစွပ်စွဲမှုများမှာ MINUSCA ဟုခေါ်သည့် ဗဟိုအာဖရိကတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ၏ လုပ်ငန်းများကို မစတင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ၂၀၁၄ ခုနှစ် နွေဦးပိုင်းတွင် စတင်ပြုလုပ်ခဲ့သည်။
Ref: CNN


Leave a Reply
You must be logged in to post a comment.