မေ ၈၊ ၂၀၁၅
M-Media
– ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်မှာ ကစားသမားကောင်းဖြစ်ပြီး ဝေဖန်မှုများကြားတွင် ရှင်သန်နိုင်ရန် သင်ယူရမည်ဟု ဘာစီလိုနာအသင်း၏ ဘရာဇီလ်းတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ် နွေရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၈၆ သန်းဖြင့် စပါးမှ ပြောင်းရွှေ့လာခဲ့သည့် ဂါရက်ဘေးလ်မှာ ရီးယဲလ်တွင် ပုံမှန်ခြေစွမ်း မပြနိုင်ဘဲ ယခုနှစ် ရာသီကုန်တွင် အသင်းမှ ပြန်လည်ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့သော်လည်း နေးမာကမူ ဘေးလ်၏ လက်ရှိအခြေအနေမှာ ထိပ်တန်းကစားသမား ဖြစ်ရခြင်း၏ အနေအထားတွင် ကြုံတွေ့ရပုံမျိုးဖြစ်သည်ဟု ဆိုသည်။
“ဝေဖန်မှုနဲ့ ဖိအားဆိုတာ ဘောလုံးလောကမှာ ပုံမှန်ရှိတဲ့ အရာမျိုးပါ။ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကျွန်တော်တို့အားလုံး ရင်ဆိုင်ရတာပါပဲ။ အဲဒါတွေနဲ့အတူ ရှင်သန်ဖို့ သင်ယူရပါမယ်။ ဂါရက်ဘေးလ်ဟာ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော် သံသယ မရှိပါဘူး” ဟု နေးမာက ပြောကြားခဲ့သည်။
ဘေးလ်အား ခေါ်ယူရန်အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းများ ဖြစ်ကြသည့် ချယ်ဆီးနှင့် မန်ယူနှင့် မန်စီးတီးတို့က စိတ်ဝင်စားနေကြသည်။
နေးမာမှာ ဘာစီလိုနာသို့မရောက်ခင် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ စိတ်ဝင်စားခြင်း ခံခဲ့ရပြီး နေးမာကမူ ပရီးမီးယားလိဂ်သို့ မျက်စပစ်နေတုန်းဟု ဆိုသည်။
“ကျွန်တော် စောင့်ကြည့်ဖို့နှစ်သက်တဲ့ လိဂ်တစ်ခုပါပဲ။ အသင်းကောင်းတွေရှိတယ်၊ ကစားသမားကောင်းတွေရှိတယ်။ ဒါပေမယ့် ကျွန်တော် အခု ဘာကာမှာ အရမ်းအဆင်ပြေနေပါတယ်။ ကျွန်တော်ဟာ လာလီဂါကို စောင့်ကြည့်ရတာလည်း နှစ်သက်ပါတယ်” ဟု နေးမာ က ပြောကြားခဲ့သည်။
Ref:Dailmail
Leave a Reply
You must be logged in to post a comment.