မေ ၃၀၊ ၂၀၁၅
M-Media
– ခရိုးမီးယားနှင့် ယူကရိန်းပြဿနာအတွက် ဥရောပ၏ ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက ဥရောပမှ နိုင်ငံရေးသမားများအား အမည်ပျက်စာရင်းသွင်းလိုက်သည်ဟု နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရူတီက ယမန်နေ့တွင် ပြောကြားခဲ့သည်။
“ရုရှားနိုင်ငံကို နောက်ထပ် ၀င်လို့မရတဲ့ လူတွေရဲ့စာရင်းကို ရုရှားက မနေ့မှာ ဥရောပသံရုံးတွေကို ဝေငှခဲ့ပါတယ်” ဟု ရူတီက ၎င်း၏ အပတ်စဉ် သတင်းစာရှင်းလင်ပွဲတွင် ပြောကြားခဲ့ပြီး ထိုစာရင်းထဲတွင် နယ်သာလန် ပါလီမန်အမတ် ၂ ဦးနှင့် ဥရောပပါလီမန်မှ နယ်သာလန် အမတ်တစ်ဦးတို့ ပါဝင်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါစာရင်းတွင် လူ ၈၉ ဦး၏ အမည်စာရင်းပါဝင်သည်ဟု ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး ဒီဒီယာ ရေယန်ဒါ၏စာအရ သိရသည်ဟု ဥရောပပါလီမန်မှ ဘယ်လ်ဂျီယံအမတ် မာ့ခ် ဒီမက်စ်မေကာက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး၏ ထိုစာမှာ
အစစ်အမှန်ဖြစ်ပြီး ရုရှားက ထိုစာရင်းအား လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုရန် တောင်းဆိုခဲ့သည်ဟု ထည့်သွင်းဖြော်ပခဲ့သည်။
ထိုစာရင်းကို ရုရှားက ကြာသာပတေးနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ခရိုင်းမီးယားအား သိမ်းပိုက်ခဲ့ခြင်း၊ ယူကရိန်းပြဿနာတွင် ပါဝင်သည်ဟု စွပ်စွဲခံရခြင်းတို့အတွက် ဥရောပမှ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့မှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ရူတီက ထည့်သွင်းပြောကြားခဲ့သည်
ဥရောပ သံတမန်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ပြီးခဲ့သည့်လများအတွင်း ဥရောပ နိုင်ငံရေးသမားများအား နိုင်ငံအတွင်းသို့ ၀င်ရောက်မှုကို ရုရှားက တားမြစ်ခဲ့သည်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.