ဇွန် ၂၇၊ ၂၀၁၅
M-Media

– အရက်မူးလွန်နေသည့် အိန္ဒိယမိခင်တစ်ဦးမှာ ၎င်း၏ ၂ နှစ်အရွယ် သမီးငယ်လေး၏ ဦးခေါင်းခွံကို လှီးဖြတ်စားသောက်မှုတစ်ခု အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ထိုအမျိုးသမီးအား လူအုပ်ကြီးက ၀ိုင်းဝန်း ရိုက်နှက်ခဲ့သည်ဟု သိရသည်။
အနောက်ဘန်ဂေါပြည်နယ် ဂိုပါလ်ပူးရ်မြို့တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂ နှစ်အရွယ် ဘဟ်ရာတီ မွန်ဒဲလ်၏ အော်သံကို ကြားသောကြောင့် ဦးလေးဖြစ်သူ ဒက်ဘလူက သွားရောက်ကြည့်ရှုခဲ့ရာ မွန်ဒဲလ်အား မိခင်ဖြစ်သူက ဦးခေါင်းခွံကို ဓားဖြင့်လှီး၍ စားသောက်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
“နေ့လည်ပိုင်း ကျွန်တော် အိမ်မှာနားနေတုန်း ဘဟ်ရာတီရဲ့ အော်သံအကျယ်ကြီးကို ကျွန်တော် ကြားခဲ့ရပါတယ်။ ကျွန်တော် ကြည့်ဖို့ သွားခဲ့ပေမယ့် တုန်လှုပ်စရာကောင်းတာထက်ကိုပိုတဲ့ အဖြစ်အပျက်ကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဘဟ်ရာတီရဲ့ ဦးခေါင်းက သွေးတွေ ဒလဟောထွက်နေပြီး ပရာမီလာ(မိခင်ဖြစ်သူ) က ခေါင်းက အသားတွေကို စားနေပါတယ်” ဟု အသက် ၄၁ နှစ်အရွယ် ဒက်ဘလူက ပြောကြားခဲ့သည်။
ထို့နောက် ဒက်ဘလူမှာ ဘဟ်ရာတီအား မိခင်ဖြစ်သူလက်မှ ဆွဲထုတ်၍ ဆေးရုံသို့ အပြေးအလွှား သွားရောက်ပိုဆောင်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသခဲ့ရသည်။

ထိုသတင်းမှာ အနီးအနားသို့ ပြန့်နှံ့သွားပြီးနောက် ဒေါသထွက်နေသည့် လူအုပ်ကြီးက ရောက်လာကာ ပရာမီလာ၏အား ကြိုးဖြင့်တုပ်၍ ရိုက်နှက်ခဲ့ကြသည်။ ပရာမီလာက မိမိမှာ အရက်မူးနေခြင်းကြောင့် ဖြစ်သည်ဟု ရှင်းပြခဲ့သော်လည်း အရာမရောက်ခဲ့ပေ။
ထို့နောက် မရီးဖြစ်သူ မမ်တာ မန်ဒဲလ်က ပရာမီလာအား ကယ်တင်ခဲ့ပြီး လူအုပ်ကြီး လူစုကွဲစေရန် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။
ဘဟ်ရာတီအား ဒေသတွင်း ဆေးရုံမှ ပစ္စည်းကိရိယာများ ပိုမိုပြည့်စုံသည့် ကိုလ်ကာတား ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ရဲတပ်ဖွဲ့ကမူ မိခင်ဖြစ်သူ ပရာမီလာအား မကြာခင် တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။
Ref: Dialymail
Leave a Reply
You must be logged in to post a comment.