ဇူလိုင် ၅၊ ၂၀၁၅
M-Media
– IS ၏ လက်အောက်သို့ ရောက်ရှိနေသည့် မူဆိုးလ်မြို့အား မကြာမီ ထိုးစစ်ဆင်တော့မည်ဖြစ်ပြီး စစ်ဆင်ရေး၏ အသေးစိတ်အချက်အလက်များကို ရေဒီယိုဌာနအသစ်မှ ထုတ်ပြန်သွားမည်ဟု မူဆိုးလ်မြို့ ဒေသခံများအား အသိပေးသည့် စာရွက်များကို အီရတ်စစ်တပ်မှ ဂျက်လေယာဉ်များက ကြဲချခဲ့သည်ဟု သိသည်။
နိုင်ငံမြောက်ပိုင်းတွင်ရှိပြီး ဒုတိယမြို့တ်ာဖြစ်သော မူဆိုးလ်မြို့ကို IS အဖွဲ့က ပြီးခဲ့သည့် ဇွန်လက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အစိုးရကမူ မူဆိုးလ်မြို့အား ပြန်လည်သိမ်းယူရန် ထိုးစစ်ဆင်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သော်လည်း IS အဖွဲ့များက အခြားသော နယ်မြေများကို သိမ်းယူနေသောကြောင့် ကြန့်ကြာခဲ့သည်။ မေလအတွင်းက အီရတ်စစ်တပ်မှာ နိုင်ငံအနောက်ပိုင်း အန်ဘာရ်ပြည်နယ် မြို့တော် ရာမာဒီမှ IS တပ်ဖွဲ့များကို မောင်းထုတ်နိုင်ခဲ့သည်။
“ဘုရားသခင်ရဲ့ အကူအညီနဲ့ အဖြေက နီးကပ်လာပါပြီ။ ခင်ဗျားတို့ရဲ့ တပ်မတော်ကြီးဟာ အနီးအနားကို ရောက်နေပါပြီ။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြပါ” ဟု အီရတ်စစ်တပ်မှ ကြဲချသော စာရွက်တွင် ရေးသားထားသည်။
ထိုကဲ့သို့ ကတိပြုခဲ့သော်လည်း မူဆိုးလ်တွင် IS အဖွဲ့အပေါ် စစ်ဆင်ရေး ချက်ချင်းဆောင်ရွက်မည့် လက္ခဏာများ မရှိသေးပေ။
အဆိုပါစာရွက်များတွင် ရေဒီယိုဌာနအသစ်ဖြစ်သော Mosul FM မှ မကြာခင် အသံလွှင့်သွားမည်ဖြစ်ပြီး မူဆိုးလ်တိုက်ပွဲအတွက် ညွှန်ကြားချက်များကို ရရှိရန် ရေဒီယိုအသေးတစ်လုံးအား ကိုယ်နှင့်မကွာ သယ်ဆောင်သွားကြရန်လည်း မူဆိုးလ်ဒေသခံများကို တိုက်တွန်းထားသည်။
IS တပ်ဖွဲ့များကမူ စာရွက်ကြဲချသည့် နေရာတစ်ဝိုက်တွင် တပ်ဖြန့်ချထားပြီး လမ်းသွားလမ်းလာများအား အနားမကပ်ရန် သတိပေးထားသည်ဟု မူဆိုလ်းဒေသခံများက ပြောကြားခဲ့သည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.