ဇူလိုင် ၂၀၊ ၂၀၁၅
M-Media
– သြစတေးလျမှ နာမည်ကျော် ရေလွှာလှိုင်းစီးကစားသူ မစ်က် ဖန်နင်းမှာ ငါးမန်း၏ တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်ခဲ့သည်ဟု သိရသည်။
တောင်အာဖရိကနိုင်ငံ အရှေ့ဘက်ကမ်းခြေတွင် ပြုလုပ်ခဲ့သော ယမန်နေ့ ရေလွှာလှိုင်းစီးပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၃ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ဖန်နင်းမှာ ငါးမန်းအား ထိုးနှက်ခဲ့ပြီးနောက် ငါးမန်းက ၎င်းအား လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် စပြိုင်တော့မယ့်အချိန်၊ စကူးတော့မယ့်အချိန် ရုတ်တစ်ရက် အနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ အာရုံရခဲ့ပါတယ်။ ရုတ်တရက်ပဲ ကျွန်တော်ဟာ ရေအောက်ကို ငုပ်သွားပြီး ငါမန်းရဲ့ နောက်ကို ထိုးနှက်လိုက်ပါတယ်” ဟု အသက် ၃၄ နှစ်အရွယ် ဖန်နင်းက ငါးမန်း၏ တိုက်ခိုက်မှုမှ လွတ်မြောက်လာပြီးနောက် ပြောကြားခဲ့သည်။
Jeffreys Bay Open ရေလွှာလှိုင်းစီးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို ကင်မရာမှ ဖမ်းယူနိုင်ခဲ့ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် အဆိုပါရေလွှာလှိုင်းစီးပြိုင်ပွဲကို တစ်ရက်တာ ရပ်နားခဲ့ရသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.