ဇူလိုင် ၂၁၊ ၂၀၁၅
M-Media
– ဘိုင်ယန်မြူးနစ်အသင်း၏ စပိန်နည်းပြဖြစ်သူ ဂွါဒီယိုလာမှာ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်ကာ စပိန်နိုင်ငံရှိ ကာတာလိုနီယာဒေသ ခွဲထွက်ရေးအတွက် အားပေးထောက်ခံသွားမည်ဟု သိရသည်။
ဘာစီလိုနာအသင်း၏ နည်းပြဟောင်းဖြစ်သူ ဂွာဒီယိုလာမှာ ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ကတာလိုနီယာဒေသ လွတ်လပ်ရေးအတွက် အမာခံ ထောက်ခံသူဖြစ်သည်။ ထို့ပြင် ခွဲထွက်ရေးလိုလားသော Convergencia i Esquerra ပါတီသို့ ၎င်း၏အမည် တင်သွင်းကာ
လာမည့်စက်တင်ဘာတွင်ပြုလုပ်မည့် ကာတာလိုနီယာဒေသ ပါလီမန် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
ဂွါဒီယိုလာကမူ အဆိုပါ ပါတီသို့ ၎င်း၏ အားပေးမှုက ကာတာလိုနီယာဒေသ စပိန်မှ ခွဲထွက်မှုအတွက် မျှော်လင့်ချက်ကို တိုးမြှင့်လာမည်ဟု ယုံကြည်နေသည်။ ဂွါဒီယိုလာမှာ ပါလီမန်အမတ် ဖြစ်လာရန် ဆန္ဒမရှိသော်လည်း လာမည့်ရွေးကောက်ပွဲများတွင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် ပံ့ပိုးခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
အသက် ၄၄ နှစ်အရွယ်ရှိ ဂွါဒီယိုလာ ပါလီမန်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုခြင်းကို ယမန်နေ့က Twitter စာမျက်နှာတွင် ကြေညာခဲ့ပြီး ညပိုင်းတွင် ဘာစီလိုနာ၌ အမတ်လောင်း အမည်စာရင်းကို တရာဝင်ကြေညာခဲ့သည်။
ဂွါဒီယိုလာမှာ ကာတာလိုနီယာဒေသ အမျိုးသားနေ့တွင် ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်နိုဝင်ဘာ ခွဲထွက်ရေးအတွက် ပြည်သူဆန္ဒခံယူပွဲတွင်လည်း ပြန်လာ၍ မဲပေးခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.