ဇူလိုင် ၂၆၊ ၂၀၁၅
M-Media
– ဒုက္ခသည်များအား နေရာချထားပေးရေးကို ဆန့်ကျင်ဆန္ဒပြသည့် ဂျာမန် လက်ယာစွန်းရောက်အဖွဲ့နှင့် ၎င်းတို့အား တန်ပြန်ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဖရန့်ဖတ်မြို့တွင် ယမန်နေ့ညနေက ဖြစ်ပွားမှုအတွင်း ၂ ဦးဒဏ်ရာရရှိခဲ့ပြီး၊ ဖရန့်ဖတ်နှင့် ကီလိုမီတာ ၁၉၀ ဝေးသော ဒရက်စ်ဒန်မြို့တွင်လည်း လက်ယာစွန်းရောက် NPD ပါတီအား ထောက်ခံသူ ၁၀၀ ၀န်းကျင်ခန့်နှင့် ၎င်းတို့အား ဆန့်ကျင်သူတို့
ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ၃ ဦး ဒဏ်ရာရရှိကာ ၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များကို စံချိန်တင်ပမာဏဖြင့် နေရာချထားပေးနေပြီး နှစ်မကုန်ခင်တွင် ဒုက္ခသည် ၄၅၀၀၀၀ ကို လက်ခံရန် မျှော်လင့်ထားသည်။ ထိုပမာဏမှာ ၂၀၁၄ ခုနှစ်လက်ခံခဲ့သည့် အရေအတွက် ၂ သိန်းထက် ပိုမိုများပြားနေသည်။
သို့သော်လည်း နိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသူများအပေါ် ရန်လိုမှုများ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ အစိုးရက စိုးရိမ်မှုများ ရှိနေပြီး၊ ထိုရန်လိုမှုများက ဒုက္ခသည်များအား အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ၎င်း၏ နေရာထိုင်ခင်းများကို တိုက်ခိုက်ခြင်းတို့အထိ ဖြစ်လာနေသည်။ ယခုနှစ်အတွင်း ဒုက္ခသည်များ နေထိုင်ရာ ယာယီနေရာထိုင်ခင်း စုစုပေါင်း ၂၀၀ ကျော်မှာ
ဖျက်ဆီးခြင်းခံခဲ့ရပြီး ၂၀၁၄ ခုနှစ် တစ်နှစ်လုံးတွင် ဖြစ်ပွားခဲ့သည့်ထက် ပိုမိုများပြားနေသည်။
Ref: Reuters
Leave a Reply
You must be logged in to post a comment.