News @ M-Media

တရုတ်နိုင်ငံတွင် အန္တရာယ်ရှိသောပစ္စည်းများထားရှိသည့် သိုလှောင်ရုံတစ်ခု ပေါက်ကွဲ၊ လူ ၁၇ ဦး သေဆုံး

သြဂုတ် ၁၃၊ ၂၀၁၅
M-Media

china

– တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းခြေမြို့ တီယန်ဂျင်းရှိ အန္တရာယ်ရှိသောပစ္စည်းများ သိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး လူ ၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကာ တစ်မြို့လုံးမှာ တုန်လှုပ်သွားခဲ့သည်ဟု သိရသည်။

ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အန္တရာယ်ရှိသည့်ပစ္စည်းများ ထည့်ထားသော သိုလှောင်ရုံအတွင်းရှိ ကွန်တိန်နာတစ်လုံး ပေါက်ကွဲရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြခဲ့သည်။

CCTV သတင်းဌာနကမူ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိနေသူများတွင် ၃၂ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် မီးသတ်သမား အနည်းဆုံး ၃၆ ဦးမှာလည်း ပျောက်ဆုံးနေသည်။

ထိုပေါက်ကွဲမှုကြောင့် အဆိုပါအဆောက်အဦးနှင့် အနီးအနားရှိ အဆောက်အဦးများမှ တံခါးများနှင့် ပြတင်းပေါက်များမှာ ပွင့်ထွက်သွားခဲ့ကာ မိုင်များစွာအကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုပေါက်ကွဲမှုဖြစ်သည်ကို သိရှိရခြင်း မရှိသေးဘဲ အဆိပ်အတောက်ဖြစ်သော ဓာတုပစ္စည်းများ လေထုထဲသို့ အများအပြားရောက်ရှိနေသည့် လက္ခဏာလည်း လက်ရှိအချိန်တွင် မတွေ့ရသေးပေ။

တန်ဂျီယန်းမြို့ရှိ ပြည်သူများမှာလည်း ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ ပိုင်ဆိုင်သည့် ပစ္စည်းများကိုယူ၍ အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြသည်။ လမ်းများပေါ်တွင်လည်း မှန်ကွဲစများ၊ ကျောက်တုန်းကျောက်ခဲများဖြင့် ပြန့်ကျဲနေသည်။

Ref: Aljazeera

Comments

Leave a Reply