စက်တင်ဘာ ၃၊ ၂၀၁၅
M-Media
– နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းစနစ်ကို ကန်ဒေါ်လာ ၂၀၇ သန်း အကုန်အကျခံ အဆင့်မြှင့်တင်ရန်အတွက် မြန်မာအစိုးရက လက်ခံတည်ပြုလိုက်သည်ဟု သိရသည်။
၄၈ ကီလိုမီတာ (မိုင် ၃၀) ရှယ်လျားသည့် အဆိုပါရထားလမ်းကို ဂျပန်နိုင်ငံက ငွေကြေးအကူအညီဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်း၊ ရထားအသစ်များ၊ တွဲအသစ်များနှင့် အင်ဂျင်များ ၀ယ်ယူခြင်းတို့ ပါဝင်မည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ ဘမြင့်က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရန်ကုန်မြို့၌ နေထိုင်သူမှာ လက်ရှိအချိန်တွင် ၆ သန်းခန့်ရှိမည်ဟု မျှော်လင့်ရပြီး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် အသီးအပွင့်များ ခံစားနေရသည်။ ရန်ကုန်မြို့ရှိ လမ်းများမှာ ကားများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေပြီး၊ အနယ်နယ်အရပ်ရပ်မှ အလုပ်အကိုင်ရရှိရန်နှင့် ပိုကောင်းသည့် ဘ၀အခြေအနေကို ရရှိရန်အတွက် ရွှေ့ပြောင်းလာသူများကြောင့် မြို့တော်အတွင်းရှိ
အခြေခံအဆောက်အဦးများနှင့် ဓာတ်အားပေးဝေရေးမှာလည်း အခက်အခဲရှိနေသည်။
မြို့ပတ်ရထားလမ်းစနစ်ကို မြို့တော်အတွင်းရှိ ပြည်သူ ၉ သောင်းခန့်က အသုံးပြုနေပြီး ရထားလမ်းတွင် ဘူတာ ၂၉ ခုရှိကာ မြို့တစ်ပတ်ပတ်ရန် ၂ နာရီနှင့် မိ ၂၀ ခန့် ကြာမြင့်သည်။ အဆိုပါ ရထားလမ်းအဆင့်မြှင့်တင်မှုမှာ ၂၀၂၁ ခုနှစ်မှ ပြီးစီးမည်ဖြစ်ပြီး ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ရန်ပုံငွေ ထုတ်ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အချက်အချာကျမှု၊ သယံဇာတရင်းမြစ်များရှိမှု၊ လုပ်အားဈေးပေါမှုတို့ကြောင့် ဂျပန်နိုင်ငံမှ ဒါဇင်နှင့်ချီသော ကုမ္ပဏီများမှာ မြန်မာနိုင်ငံတွင် စီမံကိန်းအများအပြားကို လုပ်ဆောင်လျက်ရှိနေသည်။
Ref: News.asiaone


Leave a Reply
You must be logged in to post a comment.