စက်တင်ဘာ ၈၊ ၂၀၁၅
M-Media
– ဆီးရီးယားပြဿနာအား ဖြေရှင်းရေး လမ်းကြောင်းအတွက် အီရန်နိုင်ငံမှာ မည်သည့်နိုင်ငံနှင့်မဆို၊ မည်သည့်နေရာတွင်မဆို ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်ဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။
အီရန်မှာ ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်၏ အနီးကပ် မဟာမိတ်ဖြစ်ပြီး ဆော်ဒီနှင့် အမေရိကန်တို့က ဆီးရီးယားသူပုန်များအား ထောက်ပံ့ပေးသူများဖြစ်သည်။
ရူဟာနီက ယနေ့တွင် သြစတြီးယားသမ္မတ ဟိန့်ဇ် ဖစ်ရှာနှင့် တွေ့ဆုံစဉ် အီရန်အနေဖြင့် အမေရိကန်နှင့် ဆော်ဒီတို့နှင့် ဆီးရီးပြဿနာပြေလည်ရေး ဆွေးနွေးသွားရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
“ထွက်လာမယ့်ရလဒ်က အန္တရာယ်ကင်းမယ်၊ တည်ငြိမ်မှုရှိပြီး ဆီးရီးယားအတွက် ဒီကရက်တစ်အနာဂတ် ရှိမယ်ဆိုရင် အီရန်ဟာ ဒေသတွင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ဘယ်မှာမဆို ဆွေးနွေးသွားမှာပါ” ဟု ရူဟာနီက ပြောကြားခဲ့သည်။
ထို့ပြင် ထိုသို့ အဆင်သင့်ရှိမှုက အစ္စလာမ့်စံနှုန်း၊ နိုင်ငံတကာစံနှုန်းနှင့် လူသားချင်းစာနာမှုစံနှုန်းအတွက် မိမိတို့၏ ကတိက၀တ်ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဆီးရီးယားသမ္မတ အာဆတ်အား ဖြုတ်ချရန် အားထုတ်မှုကြောင့် ဖြစ်လာခဲ့သည့် ၄ နှစ်ကြာ ပြည်တွင်းစစ်အတွက် အီရန်မှာ အနောက်နိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများကို အမြဲတမ်း ဝေဖန်ပြစ်တင်လေ့ ရှိသည်။
အဆိုပါ ပဋိ့ပက္ခတစ်လျှောက်လုံးတွင် အီရန်မှာ ဆီးရီးယားစစ်တပ်ကို ငွေကြေးနှင့် အကြံဥာဏ်ပိုင်းဆိုင်ရာ အကူအညီပေးမှုများ တောက်လျှောက်ပြုလုပ်ခဲ့သည်။ ထိုစစ်ပွဲကြောင့် လူပေါင်း ၂၄၀၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.