News @ M-Media

ဗြိတိန် နံပါတ် ၁ နေရာကို လက်လွှတ်လိုက်ရတဲ့ တင်းနစ်မယ် ၀ပ်စတန်

စက်တင်ဘာ ၂၈၊ ၂၀၁၅
M-Media

heather

– တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Whan Open တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သည့် နာမည်ကြီး တင်းနစ်မယ် ဟီသာ ၀ပ်ဆန်မှာ ဗြိတိန် နံပါတ် ၁ နေရာကို စွန့်လွန်လိုက်ရပြီဖြစ်သည်။

ဝပ်ဆန်မှာ ကမ္ဘာ့အဆင့် ၂၅ ရှိ တင်းနစ်မယ် ဂျလီနာဂျန်ကိုဗစ်ကို ၆-၃၊ ၂-၆၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး၊ အန်ဒရီယာ ပက်ကိုဗစ်ကို အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်သွားသည့် ဂျိုဟာနာ ကွန်တာက ဗြိတိန်နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် ကိုရီးယားအိုးပင်း တင်းနစ်ပြိုင်ပွဲတွင်လည်း ၀ပ်စတန်မှာ ပထမအဆင့်ကပင် ထွက်ခဲ့ရသည်။

Ref: Dailymail

Comments

Leave a Reply