စက်တင်ဘာ ၂၉၊၂၀၁၅
M-Media
မိုးစက်
ပြည်။ ။ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမတောင်ပေါ်မှ ညောင်ဝန်းကျေးရွာမှာ (၄)နှစ်အရွယ် ဇွန်ပွင့်ဖြူ (ခ) မမာဒီးနား အသတ်ခံရတဲ့ ကိစ္စနှင့် ပတ်သက်ပြိး မကျေနပ်တဲ့ လူအုပ်စုက ကက်သလစ် ခရစ်ယာန် သီလရှင်ကျောင်းကို ဖျက်ဆီးခဲ့ကြကြောင်းးသိရတယ်။
ခရစ်ယာန် သီလရှင်ကျောင်းကို ပုံမှန်သွားရောက်လေ့ရှိတဲ့ ဇွန်ပွင့်ဖြူ စက်တင်ဘာ ၂၄ ရက်နေ့က အိမ်သို့ ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့ပြီး ၄ ရက်အကြာမှ သီလရှင်ကျောင်းဝင်းအတွင်းက ချုံပုတ်မှာ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါလူသတ်မှုကို ယင်းကျောင်းသို့ မကြာသေးခင် ကရောက်ရှိလာတဲ့ မောင်သက်ပိုင်ဦး (၁၄) နှစ် မှ ကျူးလွန်ခဲ့တာဖြစ်ပြီး ၄င်းအား HIV ကူးစက်နေ့သည့် မိသားစုမှ ရောဂါမကူးစေရန်NGO အဖွဲ့တဖွဲ့ က ခရစ်ယာန်သီလရှင်ကျောင်းသို့ လာရောက်အပ်နှံခဲ့တာ ဖြစ်ကြောင်းသိရှိရပါတယ်။
မောင်သက်ပိုင်ဦးက ဇွန်ပွင့်ဖြူ မှ သူ့ဆံပင်ကိုစွဲလို့ ဆိုပြီး ခဲ နဲ့ထုသတ်လိုက်တာ လို့ ရဲစခန်းမှာ ဖျောင့်ချက်ပေးခဲ့တာလို့ သိပါတယ်။
အဆိုပါ လူသတ်မှုနှင့်ဆက်လျဉ်းပြီး စက်တင်ဘာ ၂၇ ရက်မှာ ယင်း ကျေးရွာဒေသခံ အချို့နှင့် အခြားကျေးရွာများမှ လူအုပ်စုမှ ကျောင်းအတွင်းရှိ ပရိဘောဂပစ္စည်းများနှင့် ဘာသာရေးဆိုင်ရာ အသုံးအဆောင်များ၊ သီလရှင်များ၏ အိပ်ခန်းဆောင်များ၊ ကလေးများ ထားရှိရာ အဆောင်များကို ဖျက်ဆီးခဲ့ကြကြောင်း သိရပါတယ်။
ပြည်ခရိုင်ရဲတပ်ဖွဲ့မှုး ပြည်ခရိုင်အုပ်ချုပ်ရေးမှုးတို့က ဦးဆောင်ပြီး ဒေသခံများကို လာရောက်ဖြေရှင်းပေးခဲ့ကြပြီး တရားခံကိုလည်း ကလေးသူငယ် ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။
ဓါတ်ပုံများကို -Anyan Tun FB မှ ကူးယူဖော်ပြပါသည်။
Leave a Reply
You must be logged in to post a comment.