စက်တင်ဘာ ၃၀၊ ၂၀၁၅
M-Media
– ချန်ပီယံလိဂ်တွင် ပေါ်တိုအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုအတွက် ချယ်ဆီးနည်းပြ မော်ရင်ဟိုက အသင်းနောက်တန်းကို အပြစ်တင်ခဲ့ပြီး ရူးနှမ်းသည့် အမှားမျိုးကို ကျူးလွန်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ယခုရာသီတွင် ခြေစွမ်းဆိုးရွားနေသည့် ချယ်ဆီအတွက် ထိုပွဲအရှုံးမှာ ၅ ပွဲမြောက် ရှုံးပွဲလည်းဖြစ်သည်။ မော်ရင်ဟိုကမူ အသင်းကစားပုံ ကောင်းခဲ့သော်လည်း အမှားတစ်ချို့ကြောင့် ဂိုးပေးရခြင်းဖြစ်သည်ဟု ဆိုသည်။
“ရှုးနှမ်းတဲ့ အမှားနှစ်ခုလောက်ရှိခဲ့ပေမယ့် ကစားပုံကတော့ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲလိုအမှားတွေလုပ်ပေမယ့် တစ်ခါတစ်ရံမှာ မပေးဆပ်ရပါဘူး။ ကျွန်တော်တို့ကတော့ ပေးဆပ်ခဲ့ရပါတယ်။ ပေါ်တိုက ထောင့်ကန်ဘောအမြောက်အများရတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ဒီအတွက် လုံးဝ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ ပွဲကို ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အခါမှ ဂိုးပေးလိုက်ရတာပါ။ ဒါဟာ စိတ်ပျက်စရာပါပဲ”
Ref: Goal


Leave a Reply
You must be logged in to post a comment.