အောက်တိုဘာ ၂၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းပိုင်းနက်ဖြစ်ပြီး အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းတွင် ကားမောင်းသွားသည့် အစ္စရေး အခြေချနေထိုင်သူ ဇနီးမောင်နှံ ၂ ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု အစ္စရေးစစ်တပ်က ပြောကြားလိုက်သည်။
နဘ်လုပ်စ် အရှေ့တောင်ဘက် ၅ မိုင်အကွာ ဘီအစ်ဖူရစ်ရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ် ထိုကားပေါ်၌ ပါလာခဲ့သည့် ကလေးငယ် ၄ ဦးမှာလည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်သူမှာ ဘေးမှ ကားဖြင့်မောင်းစဉ် ပစ်ခတ်သွားခြင်းဖြစ်ပြီး အစ္စရေးစစ်တပ်က ထိုရွာ၌ ၀င်ရောင်စီးနင်းကာ ရှာဖွေမှုများ ပြုလုပ်နေသည်။ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ပိတ်ဆို့ထားပြီး တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ကာ ဂျူးများအား နေရာချထားပေးခြင်းအတွက် ပါလက်စတိုင်း ပြည်သူများမှာ ကျေနပ်ခြင်းမရှိဘဲ မကြာခဏဆိုသလို အစ္စရေး လုံခြုံရေးတပ်ဖွဲ့များနှင့်
တရားမ၀င်အိမ်ယာများ၌ အခြေချ နေထိုင်သူများကို တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.