အောက်တိုဘာ ၄၊ ၂၀၁၅
M-Media
– ဆီးအုန်းတောများ မီးရှို့မှုကြောင့် ဆိုးရွားသော မီးခိုးဖုံးလွှမ်းမှုနှင့် ကြုံတွေ့နေရခြင်းကို ရင်ဆိုင်ရာတွင် အင်ဒိုနီးရှားက ပြင်ပနိုင်ငံမှ အကူအညီလိုအပ်ပါက မိမိတို့က ကူညီရန် အသင့်ရှိနေသည်ဟု မလေးရှား မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။
ဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ၀မ် မိုဟာမက် နူရ် အီဘရာဟင်က အင်ဒိုနီးရှားရှိ ဆူမာတြားနှင့် ကာလီမန်တန်တို့တွင် တောမီးလောင်မှုအား ငြှိမ်းသက်ရန် မိမိတို့ကို ရွေးချယ်ပါက မိမိတို့ တပ်ဖွဲ့မှာ ပစ္စည်းကိရိယာ အပြည့်အစုံနှင့် လိုအပ်သော ကျွမ်းကျင်မှုရှိနေသည်ဟု ဖော်ပြခဲ့သည်။
အဆိုပါတောမီးကြောင့် မီးခိုးများမှာ စင်ကာပူနှင့် မလေးရှားသို့ပါ ရောက်ရှိနေပြီး လေထုညစ်ငြမ်းမှုမှာ စိုးရိမ်ရဖွယ် အခြေအနေရှိနေသည်။ အင်ဒိုနီးရှားကလည်း မိမိတို့အနေဖြင့် နိုင်ငံခြားအကူအညီများကို တံခါးဖွင့်ထားသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.