အောက်တိုဘာ ၆၊ ၂၀၁၅
M-Media
– ၂၀၁၅ ခုနှစ်အတွင် ဝေးလ်နိုင်ငံ၏ အကောင်းဆုံး အားကစားသမားဆုကို ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ရရှိခဲ့ပြီး နောက်ဆုံး ၆ နှစ်အတွင်း ၅ ကြိမ်ရရှိခဲ့ကာ အများဆုံးရရှိသည့် စံချိန်သစ်ကိုလည်း တင်နိုင်ခဲ့ပြီဖြစ်သည်။
ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဘေးလ်မှာ ခြေစွမ်းကောင်းများကို ပြသခဲ့ပြီး ၆ ဂိုးသွင်းယူပေးထားကာ လာမည့်ပွဲတွင် တစ်မှတ်ရရှိပါက ဝေးလ်အသင်းမှာ ၁၉၅၈ ခုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိကပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
ကာဒစ်ဖ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားသို့ ဘေးလ်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပရိတ်သတ်များရွေးချယ်သည့် အကောင်းဆုံးကစားသမားဆုနှင့် ကစားသမားများ ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
“ပြီးခဲ့တဲ့နှစ်ကိုကြည့်ရင် သူဟာ ကျွန်တော်တို့အတွက် မယုံကြည်နိုင်စရာကောင်းတဲ့ ဂိုးအချို့ကို သွင်းပေးခဲ့ပါတယ်။ ကစားသမားအားလုံးဟာ ထူးထူးခြားခြား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ ဒီရာသီမှာ သူ လုပ်ခဲ့တာတွေကြောင့် ဒီဆုနဲ့ သူဟာ ထိုက်တန်ပါတယ်” ဟု ဝေးလ်အသင်းနည်းပြ ကိုးလ်မန်းက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.