အောက်တိုဘာ ၆၊ ၂၀၁၅
M-Media

– အမေရိကန်ပြည်ထောင်စု တန်နက်စီးပြည်နယ်တွင် အိမ်မွေးခွေးကိစ္စကြောင့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို သေနတ်ဖြင့်ပစ်သတ်မှုဖြင့် အသက် ၁၁ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဝှိုက်ပိုင်းမြို့တွင် စနေနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်ကလေဒိုင်ယာဆိုသည့် မိန်းကလေးငယ်က ၎င်း၏ ခွေးကို ကြည့်ခွင့်မပေးသည့်အတွက် ထိုလူငယ်လေးက ပစ်သတ်ခဲ့ခြင်းဟု ဆိုသည်။ သေဆုံးသွားသူ၏ မိခင်က ၎င်းတို့နှစ်ဦးမှာ ကျောင်းအတူ သွားကြသူများဖြစ်ပြီး မိမိတို့ စတင်ပြောင်းလာစဉ်က ထိုလူငယ်လေးနှင့် ပြဿနာဖြစ်ဖူးသည်ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ထိုလူငယ်လေးအား ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။
အိုဟိုင်းယိုးပြည်နယ်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်း၌ အသက် ၁၁ နှစ်အရွယ် ကောင်လေးက ၎င်းထက် အသက်တစ်နှစ်ကြီးသည့် အစ်ကိုအား စားပွဲပေါ်တွင် ကျည်အပြည့်ဖြည့်ကာ တင်ထားသော သေနက် ၃ လက်မှ တစ်လက်ကို ယူ၍ ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက ထိုပစ်ခတ်မှုမှာ မတော်တဆ ဖြစ်ပွားပုံရသည်ဟု ပြောကြားခဲ့သည်။
Ref: BBC

Leave a Reply
You must be logged in to post a comment.