အောက်တိုဘာ ၈၊ ၂၀၁၅
M-Media
– IS အဖွဲ့မှ မေလကတည်းက သိမ်းပိုက်ထားသည့် အန်ဘာရ်ပြည်နယ် မြို့တော်ရာမာဒီကို အီရတ်စစ်တပ်က ပြန်လည်သိမ်းယူရေး ကြိုးပမ်းရာတွင် မြို့၏ မြောက်ဘက်နှင့် အနောက်ဘက် ဒေသအများအပြားကို ယမန်နေ့က သိမ်းယူနိုင်ခဲ့သည်။
တပ်သားပေါင်း ၂၀၀၀ ပါဝင်သည့် အဆိုပါထိုးစစ်ဆင်မှုကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က လေကြောင်းမှ ပစ်ကူပေးခဲ့သည်။ ယခုအချိန်တွင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး လကုန်ပိုင်းတွင် မြို့အား ပြန်လည်သိမ်းယူနိုင်မည့် အခြေအနေရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးကောင်စီမှ အဖွဲ့ဝင်ဖြစ်သူ အလ်ဘူ ရစ်ဟာက ပြောာကားခဲ့သည်။
အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များလက်မှ မေလအလယ်ပိုင်းတွင် IS က ရာမာဒီမြို့အား ရှောင်တခင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီအပါအ၀င် အီရတ်တာဝန်ရှိသူတစ်ချို့က မိမိတို့မှာ ထိုမြို့အား ရက်ပိုင်းအတွင်း ပြန်လည်သိမ်းယူနိုင်မည်ဟု ပြောကြားခဲ့ဖူးသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.