News @ M-Media

လစ်ဗျားပြဿနာဖြေရှင်းရေး ညီညွတ်သောအစိုးရဖွဲ့စည်း

အောက်တိုဘာ ၉၊ ၂၀၁၅
M-Media

libya

– အစိုးရနှစ်ခုဖြစ်နေပြီး မငြိမ်မသက်ဖြစ်နေသည့် လစ်ဗျားပြဿနာ ပြီးဆုံးရေးအတွက် ညီညွတ်သော အစိုးတစ်ရပ်ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီဟု ကုလသမဂ္ဂက ကိုယ်စားလှယ် ဘာနာဒီနို လီယွန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

မော်ရိုကိုတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိုကဲ့သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်အဖြစ် ထရီပိုလီအခြေစိုက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဖယက်ဇ် ဆာရာဂ်ျကို ခန့်အပ်ထားကာ၊ နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့ကို ကိုယ်စားပြုထားသည့် လက်ထောက်ဝန်ကြီးချုပ် ၃ ဦး၊ သမ္မတကောင်စီတွင် နောက်ထပ် ၀န်ကြီး ၂ ဦး ပါဝင်မည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြိုင်ဘက်အဖွဲ့များက ထိုညီညွတ်သောအစိုးရသစ်အား လက်ခံခဲ့သော်လည်း ၎င်းတို့အစိုးရအဖွဲ့များ၏ ပါလီမန်များက လက်ခံကြောင်း အတည်ပြုရမည်ဖြစ်သည်။

Ref: Aljazeera

Comments

Leave a Reply