ဧပြီ ၃၊ ၂၀၁၆
M-Media
မိုးစက်
.
ရန်ကုန်။ ။ ဧပြီလ ၂ ရက်နေ့ညပိုင်း VOA ရုပ်သံဌာနတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက “ဧည့်နိုင်ငံသား အများစု ကိုးကွယ်သော အစ္စလာမ်ဘာသာ” ဟုသုံးစွဲခဲ့ခြင်းအပေါ် ရုပ်သိမ်းဖြေရှင်းပေးရန်အတွက် အမျိုးသားညီညွတ်ရေးကွန်ဂရက်ဌာနချုပ် သမ္မတဦးထင်ကျော်ထံသို့ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။
.
အဆိုပါ “ဧည့်နိုင်ငံသား အများစု ကိုးကွယ်သော အစ္စလာမ်ဘာသာ” ဟုဝန်ကြီးမှ သုံးနှုန်းခြင်းသည် ဝန်ကြီးတစ်ပါးအနေနှင့် ပေါ့တန်စွာ သုံးနှုန်းသွားခြင်းဖြစ်ပြီး စာရင်းဇယားအထောက်အထားမရှိဘဲ ရမ်းဆပြောခြင်း (သို့မဟုတ်) အမှုအမှတ်မဲ့ပြောဆိုဟန်ဖြင့် ဖျက်ရခက်ခဲစေရန် တမင်ပြောကြားသကဲ့သို့ ဖြစ်သောကြောင့် ခံစားရကြောင်း သမ္မတထံပေးပို့သောစာတွင် ရေးသားထားပါတယ်။
.
အမျိုးသားညီညွတ်ရေးကွန်ဂရက်ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးထွန်းဝင်းက “NLD အစိုးရ အာဏာရပြီး သုံးရက်မြောက်အကြာမှာ ဒီလိုစကားမျိုးကြားရတော့ ကျွန်တော်တို့တွေ အရမ်းခံစားရပါတယ်။ သမ္မတကြီးကို သူ့လူကို သူထိန်းစေချင်တဲ့ အတွက်ကြောင့် သမ္မတထံကို အခုလို တင်ပြခြင်းဖြစ်ပါတယ်” လို့ M-Media ကိုရှင်းလင်းပြောကြားပါတယ်။
.
စစ်အစိုးရမတိုင်ခင်မှာရော ခုစစ်အစိုးရပြီးတော့ရော မြန်မာမွတ်စလင်တွေက ဘေးဖယ်ခံနေရပြီး NLD ရဲ့ ဆောင်ပုဒ် အတိုင်း ပြောင်းလဲချိန်တန်ပီဆိုတဲ့စကားဟာ တကယ်ကို လက်တွေ့လုပ်ဆောင်ရန် လိုသေးကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။
.
ထို့ကြောင့် ဝန်ကြီးသူရဦးအောင်ကို ပြောကြားခဲ့သည့် အဆိုပါစကားသည် NLD ၏မူဝါဒဟု မယုံကြည် လက်မခံနိုင်သည့် အလျောက် သမ္မတကြီးအနေဖြင့် သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့၏ သဘောထား မဟုတ်ကြောင်းကို ရှင်းလင်းပေးရန်အတွက် သမ္မတသစ် ဦးထင်ကျော်ထံကို ဧပြီလ ၃ ရက်နေ့မှာ တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။
.
VOA နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျုးတွင် ယခင် အစိုးရများ အုပ်ချူပ်စဉ် ကာလ အချိန်တွင် မြန်မာနိုင်ငံအတွင်း အခြားဘာသာဝင်များကို ဖိနှိပ်ခြင်း ခွဲခြားဆက်ဆံမှုများနှင့် ပတ်သတ်ပြီး မေးမြန်းရာတွင် သူရဦးအောင်ကိုမှ “ဧည့်နိုင်ငံသား အများစုကိုးကွယ်သော အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြားဘာသာဝင်တွေအပေါ်မှာတော့ ထူးပြီးတော့ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” လို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Tag: UNC
-
ဝန်ကြီး သူရဦးအောင်ကို၏ ဧည့်နိုင်ငံသား အသုံးနှုန်း ရုပ်သိမ်းပေးရန် UNC ပါတီ မှ သမ္မတထံစာပို့
-
ဘာသာရေး လူမျိုးရေး စော်ကား လှုံ့ဆော်နေသည့် နေမျိုးဝေအား UNC ပါတီမှ တရားစွဲ အမှုဖွင့်ပြီ
M-Media
မိုးစက်
စက်တင်ဘာ ၇၊ ၂၀၁၅ရန်ကုန်။ ။ ဆိုရှယ်မီဒီယာတွင် အမုန်းတရားများ နှစ်ချီရေးသားလှုံဆော်ရေးသားနေသော် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကို အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီမှ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးရန်နိုင်က တရားစွဲ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရပါတယ်။
ဦးနေမျိုးဝေသည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သူ၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် “အစ္စလာမိစ္ဆာဝါဒသို့ သွတ်သွင်းဖို့ ကြံစည်နေသော မွတ်စလင်ကုလားပါတီ” ဟုရေးသားထားပြီး “အမျိုးသား ညီညွတ်ရေး ကွန်ဂရက် ပါတီဝင် ကိုယ်စားလှယ်လောင်းများကို မဲပေးခြင်းမှ ရှောင်ကြဉ်ကြပါရန် အလေးအနက်တိုက်တွန်းပါသည်” ဟု ရေးသားထားသည်။ ထို့အပြင် ယင်းပါတီ၏ လိုဂိုဘေးတွင် ကြက်ခြေခတ် သင်္ကေတကိုလည်း ဖော်ပြထားကြောင်းကို တွေ့ရပါတယ်။
“နေမျိုးဝေက ကျွန်တော်တို့ပါတီကိုတင်မကပါဘူး။ အစ္စလာမ်မိစ္ဆာဝါဒဆိုပြီး သုံးထားတာကတော့ အစ္စလာမ်ဘာသာဝင်တွေ အကုန်လုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ သူ ယုတ်ညံ့တဲ့ အသုံးအနှုန်းတွေ သုံးထားတာက ပုဒ်မ (၂၉၄) ပါ။ နောက် ဘာသာသာသာနာတစ်ခုကို အကြည်ညိုပျက်စေတဲ့ စကားလုံးတွေသုံးတာက ပုဒ်မ (၂၉၅) ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သူ့ကို အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲဆိုထားတာပါ” လို့ ဦးနေမျိုးဝေကို တရားစွဲဆိုထားသူ ဦးရန်နိုင်က ပြောပါတယ်။
အခုလို ဘာသာရေးကိုခုတုံးလုပ်ပြီး မဲမပေးဖို့ ရေးသားထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပေဒကိုလည်း ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးနေမျိုးဝေကို တာမွေမြို့နယ် မြို့နယ်ရဲစခန်းတွင် အီလက်ထရောနစ် ဥပဒေ ၆၆(ဃ) ပ/၁၂၇၁/ ၂၀၁၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။
ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးရန်နိုင်မှ တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားထားပြီး တာမွေမြို့နယ်ရဲစခန်းမှ ယနေ့ အောက်တိုဘာလ (၇) ရက်နေ့တွင် တရားလိုနှင့် ပါတီဝင် တစ်ဦးဖြစ်သူ ဦးမျိုးညွှန့်တို့ကို ခေါ်ယူမေးမြန်း ခဲ့သည်။ ပါတီမှ သက်ဆိုင်သူများကို ခေါ်ယူမေးမြန်းစစ်ဆေးပြီး အကြောင်းအရာ ခိုင်လုံပါက တရားခံကို ပြစ်မှုဆိုင်ရာ တရားဥပဒေကြောင်း အတိုင်း ဆောင်ရွက်သွားမည်ဟု သိရပါတယ်။
“ကျွန်တော့်အနေနဲ့ကတော့ သူသိပ်ကို တရားလွန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ “အမျိုးသားဝါဒမှလူမျိုးစုံသွေးစည်း ညီညွတ်ရေးဝါဒသို့” ဆိုတဲ့ ပါတီဆောင်ပုဒ်ကို သူက “သွေးနှောဖျက်ဆီးရန် ကြံစည်နေတဲ့ပါတီ” ဆိုပြီးသုံးထားပါတယ်။ ကျွန်တော်တို့ မဲမရတာ ကိစ္စမရှိပါဘူး။ ဘုရားသခင်အလိုတော် အတိုင်းပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာကို စော်ကားတာ၊ ကျွန်တော် တို့ကို မြန်မာနိုင်ငံကို လူမျိုးစုံ သွေးနှောဖျက်စီးရန် ကြံစည်နေတဲ့ ပါတီဆိုတာကိုတော့ လုံးဝလက်ခံပေးလို့ မရပါဘူး” ဟု ဦးရန်နိုင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။
အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီမှ ဦးနေမျိုးဝေ၏ ပါတီအပေါ်စော်ကားမှု၊ အစ္စလာမ်သာသာနာအပေါ် စော်ကားမှုတို့ကို မည်သည့်နည်းနှင့်မျှ တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေလမ်းကြောင်းဖြင့်သာ အရေးယူဆောင်ရွက်ရန် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ ဥက္ကဌဖြစ်သူ ဒေါက်တာလှမြင့်က နိုဝင်ဘာလ (၃) ရက်နေ့တွင် ပါတီဝင်များကို ကြေငြာချက်တစ်စောင်ထုတ်၍ ညွှန်ကြားခဲ့သည်။
မနက်ဖြန်တွင် တစ်နိုင်ငံလုံးနေရာအနှံ့ကျင်းပတော့မည့် ပါတီစုံရွေးကောက်ပွဲကြီးတွင် အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
-
သင်္ဃန်းကျွန်းမှာ နိုင်ချေရှိတဲ့ နောက်ထပ် အမတ်လောင်းတစ်ဦး
“ဥပဒေကလည်း ကွက်ကြားမိုးရွာလို့မဖြစ်ဘူး”
အင်တာဗျူး
ထက်ခေါင်လင်း / Myanmar Nowရှေ့နေ ဦးရန်နိုင်သည် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင် အများအပြား နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အမတ်လောင်းတစ်ဦးဖြစ်သည်။ ကနဦးတွင် ရွေးကောက်ပွဲကော်မရှင်က သူ့ဖခင်၏ နိုင်ငံသားဖြစ်မှု အခြေအနေနှင့်ပတ်သက်ပြီး သံသယ ဖြစ်ကာ သူ့ကို အမတ်လောင်းအဖြစ်မှ ရုပ်သိမ်းခဲ့သည်။ အယူခံအဆင့်ဆင့်တင်ခဲ့ပြီးနောက်တွင် ရွေးကောက်ပွဲဝင်ခွင့် ပြန်ရခဲ့သည်။
မကြာသေးခင်က Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့်ရန်ကုန်တွင် တွေ့ဆုံစဉ် မြစ်ဝကျွန်းပေါ်ဒေသ၊ မြောင်းမြဇာတိ၊ ၅၅ နှစ်အရွယ် ဦးရန်နိုင်က ရွေးကောက်ပွဲ အနိုင်ရရှိမှုအခြေအနေ၊ ဗုဒ္ဓဘာသာ နှင့် အစ္စလာမ် ဘာသာဝင်များကြား ဆက်ဆံရေး၊ မဘသ အဖွဲ့၊ အမတ်လောင်း ရွေးချယ်ချိန်တွင် ပါတီများက အစ္စလာမ်ဘာသာဝင် တို့ကို ပစ်ပယ်ပုံတို့အကြောင်း ပြောပြထားသည်။
မေး – ဦးရန်နိုင် ဘာကြောင့် ရွေးကောက်ပွဲဝင်ရတာလဲ။
ဖြေ – အစ္စလာမ်ဘာသာဝင် လူနည်းစုတွေရဲ့ ပြောရေးဆိုခွင့်အခြေအနေအရ ဝင်ပြိုင်တာလို့ ပြောလို့ရမယ်။ လက်ရှိအခင်းအကျင်းမှာတော့ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ လွှတ်တော်ထဲကို ရောက်လာနိုင်ခြေကတော့ အရမ်းကိုနည်းနေပါတယ်။
လွှတ်တော်ထဲကိုရောက် နိုင်ဖို့ဆိုတာထက် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းဆိုတာနဲ့ကို ဘယ်ပါတီကမှ လက်မခံတာကိုတွေ့ရတယ်။ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်ပါလိုက်ရင် သူတို့ မဲမရမှာစိုးတယ်၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာချစ်အသင်းအဖွဲ့တွေက အထင်အမြင်လွဲမှာလို့ ယူဆကြတယ်။ NLD မှာ ကိုယ်စားလှယ်တွေကို တင်ကြပေမယ့် အနီးကပ်မှ ဖြုတ်ချလိုက်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့က မြန်မာတစ်နိုင်လုံးမှာရှိတဲ့ ပါတီဝင်တွေအားလုံးအပေါ်မှာ
ဘာသာရေးကိုအကြောင်းပြပြီးတော့ ခွဲခြားဆက်ဆံနေတယ်။ ပါတီကြီးတွေကို အားမကိုးနိုင်တဲ့အနေအထားမျိုး တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကိုယ့်ပါတီနဲ့ကိုယ်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ကြိုးစားတယ်။ ကိုယ့်လူနည်းစုရဲ့အခွင့်အရေးကို ဘယ်ပါတီကမှ လက်မခံပေမယ့် ကိုယ့်ဘာသာ ရုန်းကန်လှုပ်ရှားမယ်ဆိုတာကို ပြတဲ့သဘောနဲ့ ဝင်ပြိုင်တာပါ။မေး – ပြီးခဲ့တဲ့ငါးနှစ်အတွင်း မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြားမှာ ရင်းနှီးမှု နည်းလာတာကို ဘယ်လိုသုံးသပ်ချင်သလဲ။
ဖြေ – အထူးသဖြင့် ခွဲခြားဆက်ဆံမှုပေါ့။ ဒီလိုလုပ်နေတဲ့အကြောင်းအရင်းကလည်း အစ္စလာမ်ကို ခုတုံးလုပ်နေတယ်လို့မြင်တယ်။ ခုတုံးလုပ်ပြီး သူတို့ မဲပိုရအောင်လို့၊ အစ္စလာမ်ပါလာရင် မဲမရနိုင်ဘူးလို့ မြင်ပြီးတော့ ဒါကိုဗန်းပြပြီး မျက်ကန်းမျိုးချစ်ပုံစံမျိုး လုပ်နေတာလို့ ထင်တယ်။မေး – ခွဲခြားဆက်ဆံမှု ဆိုတာ ဘယ်လိုမျိုးလဲ။
ဖြေ – အထင်အမြင်တွေ လွဲနေကြတာ။ ဒီလိုဆက်ဆံနေတာလည်း ဗုဒ္ဓဘာသာဝင်တိုင်းမဟုတ်ပါဘူး။ သံဃာတော်တိုင်းမဟုတ်ဘူး။ တချို့သံဃာတော်တွေကို သိပ်ကိုချစ်ကြည်ညိုဖို့ကောင်းတယ်။ သို့သော် ဒီအစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီးတော့ အပုပ်ချပြီးတော့ မဲဆွယ်စည်းရုံးတာတို့၊ အဲဒီလိုမျိုးလုပ်မှ သူတို့ တိုးတက်မယ်လို့ ယူဆတဲ့အဖွဲ့တွေက လုပ်နေတယ်လို့တော့ မြင်တယ်။ ဘာသာကြီးဝါဒ၊ လူမျိုးကြီးဝါဒ ဘယ်ဘက်ကပဲထားထား မကောင်းပါဘူး။မေး – ဘာသာရေးနဲ့နွယ်တဲ့ပဋိပက္ခတွေ မြန်မာပြည်မှာ ပြန်ဖြစ်လာနိုင်တဲ့အခြေအနေတွေ တွေ့နေရပြီလား။
ဖြေ – အခု မြင်နေတဲ့ အနေအထားအရတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်တဲ့သူတွေ တော်တော်များလာပါပြီ။ ဗုဒ္ဓဘာသာဝင်တွေအသိုင်းအဝိုင်းကိုက နားလည်မှုရှိရှိနဲ့ ထိန်းသိမ်းတာတွေ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းတွေက အတက်နိုင်ဆုံး ထိန်းနေတယ်လို့ မြင်ပါတယ်။ သို့သော် အဲဒီမှာလည်း သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ပြောခဲ့သလို နောက်ကွယ်က လက်မည်းကြီးတွေကတော့ ရှိနေဆဲပဲပေါ့။ အဲဒီလက်မည်းကြီးတွေ ဘယ်လောက်အတိုင်းအတာထိ လုပ်နေမလဲ၊ သူတို့ကို ဘယ်လောက်အတိုင်းအတာအထိ တားနိုင်မလဲဆိုတာကတော့ အထူးဖြင့် ဥပဒေစိုးမိုးရေးအပေါ်မှာ မူတည်မယ်။ ဥပဒေကလည်း ကွက်ကြားမိုးရွာလို့မဖြစ်ဘူး။ ကျောသားရင်သားမခွဲခြားပဲ ဘယ်ဘာသာဝင်မဆို၊ ဘယ်လိုလူမျိုးမဆို ဥပဒေတစ်စုံတစ်ရာကို ဖောက်ဖျက်လာရင် အရေး ယူဖို့လိုအပ်တယ်။ ဒါကိုသာ ထိထိရောက်ရောက် လုပ်လာနိုင်ရင် ဒီပြဿနာတွေ ပျောက်သွားမယ်လို့ ထင်တယ်။မေး – ဥပဒေစိုးမိုးရေး ဆိုတာကို NLD က မကြာခဏ ပြောတဲ့အတွက် သူတို့ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖွဲ့နိုင်မယ်ဆိုရင် တကယ်ရော ဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်မယ် ထင်သလား။
ဖြေ – အခုလက်ရှိ အနေအထားထက်တော့ အများကြီးသာမယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် နိုင်ငံတကာ အမြင်တွေ၊ အတွေ့အကြုံတွေ ရှိတယ်။ သူတို့ကိုယ်တိုင် နှစ်ပေါင်းများစွာနဲ့ ရာဇသတ်ကြီးဥပဒေမှာပါတဲ့ ထောင်ဒဏ်တွေ အားလုံးပေါင်းရင်တောင်မှ မရှိတဲ့ပုဒ်မမျိုးတွေနဲ့ အကျဉ်းချခံရတာတွေ ဖြစ်ခဲ့တယ်ဆိုတော့ ဥပဒေစိုးမိုးရေကို သူတို့သေသေချာချာ လုပ်လိမ့်မယ်လို့တော့ မျှော်လင့်တယ်။မေး – NLD မနိုင်ဘဲ အာဏာရပါတီ အနိုင်ရသွားရင် ဘာတွေဖြစ်လာနိုင်သလဲ။
ဖြေ – မကျေနပ်တာတို့ ဘာတို့က တစ်ကဏ္ဍထားပေါ့။ ဒီပုဂ္ဂိုလ်တွေပဲ ပြန်ရမယ်ဆိုရင်လည်း ပြီးခဲ့တဲ့ သက်တမ်း ၅ နှစ်ထက်တော့ နည်းနည်းလေး တိုးတက်လာမယ်လို့ ယူဆတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သူတို့ကိုယ်တိုင် သိထားတယ်။ အဲဒီဟာတွေ ပြုပြင်ဖို့ သူတို့မှာတာဝန်ရှိတယ်၊ သူတို့သာ ဒါမလုပ်ရင်တော့ သူတို့ကျဆုံးသွားမှာပဲ။ ဘယ်လိုကဏ္ဍတွေလဲဆိုတော့ ဥပဒေစိုးမိုးရေးတို့၊ (ဆန္ဒပြ)ကျောင်းသားပြဿနာ၊ ပြည်သူကနေ သိပ်ဘဝင်မကျတဲ့ ဥပဒေတွေပြဋ္ဌာန်းတာတို့ကို သင်ခန်းစာယူပြီးတော့ ပြင်သင့်တာ ပြင်၊ ပြောင်းသင့်တာပြောင်း၊ အသစ်ပြဋ္ဌာန်းသင့်တာပြဋ္ဌာန်း ဒါမျိုးတွေ လုပ်လာလိမ့်မယ်လို့တော့ မျှော်လင့်တယ်။မေး – ၂ဝ၁၅ အလွန်မှာ ဘယ်သူ သမ္မတဖြစ်သင့်တယ်လို့ ယူဆသလဲ။
ဖြေ – ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေချင်တယ်။ ဥပဒေအရတော့ သူက အတားဆီးခံနေရတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ အားလုံးထဲမှာ ဦးရွှေမန်းကို ပိုပြီးသဘောကျတယ်။ ဘာ့ကြောင့်ဆိုတော့ သူက ပျော့ပြောင်းမှုရှိတယ်၊ လွှတ်တော်ဥက္ကဋ္ဌ သက်တမ်းတလျှောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို သူနားလည်မှုရှိတယ်။ ဝိုင်းဝန်းကူညီပေးတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို လုပ်နိုင်တာ၊ မလုပ်နိုင်တာထားတော့၊ တကယ်နားထောင်တာလေးတွေ၊ နောက်ပြီးတော့ အတိုက်အခံအင်အားစုတွေကို မိတ်ဘက်ပုံစံမျိုး ပူးပေါင်းဆောင်ရွက်လာတွေကို မြင်လာရတယ်။မေး – သူက ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းမှာ မရှိတော့ဘူးဆိုတော့ ပြည်ခိုင်ဖြိုးအမတ်တွေက သူ့ကို သမ္မတအဖြစ် ရွေးပါ့မလား။
ဖြေ – အဲဒါကတော့ သူတို့ပါတီတွင်း ပြဿနာပေါ့။ ပြည်သူရဲ့ ကိုယ်စားလှယ်တွေနဲ့ နားလည်မှုရှိရှိပေါင်းတယ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းတယ်။ ဒီကိစ္စတွေကြောင့် မပေါင်းစေချင်တဲ့အုပ်စုတွေက မကျေမနပ်ဖြစ်တယ်လို့တော့ ကြားမိတယ်။ အဲဒီအတွင်းရေး ပြဿနာတွေကတော့ သူတို့ပဲသိမှာပေါ့။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ဆန္ဒသက်သက် အကောင်အထည်ဖော်မှာကို မလိုလားတဲ့အုပ်စုတွေက အခုထက်ထိ အင်အားကောင်းဆဲပဲလို့တော့ ယူဆတယ်။မေး – အင်အားကောင်းလာတဲ့ မဘသအဖွဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ – အားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်၊ ယုံကြည်ခွင့် ရှိသင့်တယ်။ ကိုယ့်ဘာသာအတွက် ကိုယ့်နိုင်ငံမှာရှိတဲ့ တခြားဘာသာဝင်တွေကို တိုက်ခိုက်တာမျိုးတော့ မဖြစ်စေချင်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်တွေသည် ငြိမ်းချမ်းစွာနေတတ်ပါတယ်၊ အင်မတန်ကြောက်တတ်ပါတယ်၊ ဥပဒေတွေ၊ အင်အားကြီးတွေကို လေးစားတတ်ပါတယ်။ အဲဒါကိုတော့ နားလည်စေချင်တယ်။ ကိုယ့်ဘာသာကို ကိုယ်စောင့်ရှောက်တာ ကောင်းပါတယ်။ ကိုယ့်ဘာသာကို စောင့်ရှောက်ခြင်းသည် တခြားဘာသာကို တိုက်ခိုက်ခြင်းမဖြစ်စေချင်ဘူး။မေး – NLD ကို လူထုအားပေးမှု အများဆုံး ဖြစ်နေတယ် ဆိုတော့ ဦးရန်နိုင်က ရွေးကောက်ပွဲနိုင်ချေ ရှိမယ် ထင်သလား။
ဖြေ – ကျွန်တော့်မဲဆန္ဒနယ်မှာ ကျွန်တော်နဲ့ ဘာသာတူ မဲဆန္ဒရှင်တွေ ၄ဝ ရာခိုင်နှုန်း လောက်ရှိတယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်မှာ ပြိုင်ကြမှာက ၁ဝ ယောက်ရှိတော့ မဲကွဲမယ့် အနေအထားလည်း တွေ့ရတယ်။ ကျွန်တော့် ဘာသာတူတွေ တလုံးတခဲထဲ ကျွန်တော့်ကိုပေးခဲ့ရင်တော့ ကျွန်တော် အနိုင်ရနိုင်မယ်လို့ ထင်တယ်။ အခု နောက်ဆုံးမှာ NLD က အစ္စလာမ် ဘာသာဝင်ကိုယ်စားလှယ်တွေကို ပယ်လိုက်တဲ့အခါ ကျွန်တော်တို့ဘာသာဝင်တွေက တော်တော်လေး စိတ်မကောင်းဖြစ်ကြတယ်။ အဲဒီတော့ ကိုယ့်ဘာသာတူ ကိုယ်စားလှယ်လောင်းတွေ ပေါ်လာတာကို အားပေးနိုင်တဲ့ အလားအလာတွေ တွေ့နေရတယ်။မေး – ရွေးကောက်ပွဲကရော လွတ်လပ်မျှတနိုင်မလား။
ဖြေ – မဲစာရင်းမမှန်တာတွေ့ရတယ်။ အဲဒီတော့ နည်းနည်းစိုးရိမ်စရာလေးတွေတော့ ရှိတယ်ဗျ။ ဒီဟာနဲ့ ဝှက်ဖဲတချပ်ထားတယ်လို့ ယူဆတယ်။ အခု ကြိုတင်မဲတချို့မှာ မဲမသမာမှုတွေ ဖြစ်လာတယ် လို့တော့ ကြားမိတယ်။ ဝန်ထမ်းတွေကို ဖိအားပေးတာတို့လည်း ကြားရတယ်။ နောက် … ပယ်မဲ။ ပညာပေးရေး အစီအစဉ်တွေကလည်း အားနည်းတော့ ပယ်မဲကလည်း တော်တော်လေးတော့ စိုးရိမ်စရာရှိတယ်။ ။ဆက်စပ် ဆောင်းပါးများ ဖတ်ရန်
သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် အမတ် အောင်နိုင်ရေး အဆုံးအဖြတ်ကို ဘယ်သူပေးမလဲ
http://www.m-mediagroup.com/news/47716
စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်
http://www.m-mediagroup.com/news/46444 -
အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းဖွင့်
အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၅
M-Media
ဓါတ်ပုံ- မိုးစက်
အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းတင်ကျော်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံခန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါ်သိန်းတင်လမ်း လမ်း(၉၀) ထောင့်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာတော် ဦးမုနိန္ဒ ၊ ဟိန္ဒူသာသနာတော်မှ ဆရာတော် စရီဦးမောင်မြင့် နှင့် ၈၈ မျိုးဆက်များ၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒရှင် ပြည်သူများ တက်ရောက်ခဲ့ကြသည်။ထို့နောက် မင်္ဂလာတောင်ညွှန့်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဆန်းတင်ကျော်နှင့် တိုင်းဒေကြီးလွှတ်တော်မှ ကိုယ်စားလှယ် ကိုခင်မောင်ရွှေတို့က မင်္ဂတောင်ညွှန့်မှ ပြည်သူများကို လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းတင်ကျော်မှာ ဂျပန်ခေတ် တော်လှန်ရေးသမား တစ်ဦးလည်းဖြစ်၊ ကန်တော့ခံ သက်ကြီး စာပေပညာရှင်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒု)အဆင့်၊ နိုင်ငံဂုဏ်ရည် (ဒု) အဆင့်၊ အတ္ထုပ္ပတိ စာပေဆုရှင် (၂၀၀၈) ရရှိခဲ့သူ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်( ကွယ်လွန်) ၏ သားဖြစ်ကြောင်း သိရှိရသည်။
-
စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်
အောက်တိုဘာ ၁ ၊ ၂၀၁၅
M-Media
မိုးစက် တွေ့ဆုံ မေးမြန်းသည်။
၂၀၁၅ နိုင်ဝင်ဘာလ ရွေးကောက်ပွဲတွင် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးရန်နိုင်(တရားလွှတ်တော်ရှေ့နေ) နှင့် M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။M-Media။ ။ အန်ကယ်အနေနဲ့ဘာကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။
ဖြေ။ ။ပြည်သူတွေအတွက် ပြောရေးဆိုခွင့်ရဖို့အတွက်၊ စစ်ကျန်ဖြစ်နေတဲ့ ဒီမိုကရေစီကနေ စစ်မှန်တဲ့ဒီမိုကရေစီ ရရှိဖို့အတွက်၊ ဒီမိုကရေစီစစ်စစ်ဖြစ်ဖို့၊ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့အတွက် အခုလိုဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်တယ်။M-Media။ ။ အန်ကယ့်အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကိုရော စတင်လုပ်ဆောင်နေပြီလား။
ဖြေ။ ။ အောက်တိုဘာလ ၄ ရက်နေ့မှာ ပါတီကအစည်းအဝေးလုပ်မယ်။ အဲ့အစည်းအဝေးပြီးတော့မှ ရွေးကောက်ပွဲမတိုင်မီထိ နေ့တိုင်းလိုလို မဲဆွယ်စည်းရုံးမှုတွေကို စတင်လုပ်ဆောင်မှာပါ။M-Media။ ။ အန်ကယ်ဝင်ရောက်ယှဉ်ပြိုင်မဲ့ သင်္ဃကျွန်းမဲဆန္ဒရှင်တွေဆီကနေောက်ခံမဲတွေရအောင် အန်ကယ်ဘာတွေ လုပ်ဆောင်ထားပါသလဲ။
ဖြေ။ ။ အခုတော့ လက်ကမ်းစာစောင်တွေ လုပ်ထားတယ်။ သင်္ဃန်းကျွန်းမှာလဲ ရပ်ကျေးရုံးဖွင့်ထားပါတယ်။ ရွေးကောက်ပွဲရက်နီးရင်တော့ door to door သွားရောက်ပြီး သူတို့ရဲ့လိုအပ်ချက်တွေကို မဲဆွယ်ပြီး လိုအပ်တာတွေလုပ်ဆောင်ပေးဖို့ ဆွေးနွေးပေးမှာပါ။M-Media။ ။ အန်ကယ်မဲဆွယ်တဲ့အခါမှာ ဘယ်လိုအချက်တွေနဲ့ ပြည်သူကိုမဲဆွယ်မလဲ။
ဖြေ။ ။ အဓိကတော့ ပညာရေးပဲ။ အဲဒါ့ကိုအဓိကထားလုပ်ပေးမှာပါ။ သင်္ဃကျွန်းမြို့နယ်မှာ စနစ်တကျမဖြစ်တဲ့ လမ်းတို့ အဆောက်အဦးတို့ကိုလည်း စနစ်တကျဖြစ်သွားအောင် စီစဉ်ပေးမယ်။ အဲ့မှာ ဘိုးဘွားရိပ်သာတွေလည်းရှိတော့ အဘိုးတွေ အဘွားတွေအတွက် တစ်ခုခုစီစဉ်ပေးတာမျိုးပေါ့။ နောက်သင်္ဃကျွန်းက အခြေခံလူတန်းစားရပ်ကွက်ဖြစ်တော့ မြို့နယ်ကိုသပ်သပ်ရပ်ရပ်နဲ့ လှပသေသပ်အောင်ဆောင်ရွက်ပေးဖို့ပေါ့။ အဲ့လိုအချက်တွေကို မဲဆန္ဒနရှင်တွေကို နားလည်အောင်ပြောပြီး မဲဆွယ်စည်းရုံးသွားမှာပါ။M-Media။ ။ အန်ကယ့်အနေနဲ့ ဒီမဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် သင်္ဃန်းကျွန်းကပြည်သူတွေအတွက် ဘာတွေလုပ်ဆောင်ပေးဖို့ရှိပါသလဲ။
ဖြေ။ ။ သူတို့တွေဘာတွေလိုလားလဲဆိုတာ အရင်မေးမယ်။ အန်ကယ် အဓိကလုပ်ချင်တာကတော့ သင်္ဃန်းကျွန်းမှာကလေးတွေပညာရေးပေါ့။ အဲ့မှာပညာမသင်နိုင်တဲ့ကလေးတွေ အများကြီးရှိတယ်။ အဲ့ကလေးတွေအတွက် ပညာရေးကိုအဓိကထားလုပ်ဆောင်မှာပါ။M-Media။ ။ သင်္ဃန်းကျွန်းကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပြိုင်ဖက်ပါတီတွေအတွက်ရော စိုးရိမ်စိတ်တွေရှိလား၊ ဘာတွေပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ သူတို့လဲ သူတို့လမ်းကြောင်းနဲ့သူတို့ သွားနေတာပါပဲ။ စိုးရိမ်လားဆိုတော့ သူတို့အားသာချက်၊ အားနည်းချက်တွေကို လေ့လာထားပြီး သူတို့အားနည်းချက်တွေကို အန်ကယ့်ဘက်က ဘယ်လိုဖြည့်တင်းပေးမလဲဆိုတာတော့ စဉ်းစားထားပါတယ်။M-Media။ ။ ရွေးကောက်ပွဲမှာ အနိုင်သာရခဲ့ရင် အန်ကယ်ကရှေ့နေတစ်ယောက်လည်းဖြစ်နေတော့ လွှတ်တော်ထဲမှာ ဘာတွေဆက်လုပ်ဖို့ရှိပါသလဲ။
ဖြေ။ ။ အဓိကတော့ စစ်မှန်တဲ့ဒီမိုကရေစီရဖို့ ဆောင်ရွက်မှာပါ။ ပြည်သူမကြိုက်တဲ့ဥပဒေတွေကို ပြည်သူကြိုက်တဲ့ ဥပဒေတွေရရှိအောင် လွှတ်တော်ထဲမှာ စည်းရုံးသွားမှာပါ။ နောက် လူ့အခွင့်အရေး၊လူနည်းစုအခွင့်အရေးတွေပေါ့။ ဥပဒေအရ တန်းတူညီမျှရှိရမဲ့ အခွင့်အရေးတွေရရှိဖို့ ဥပဒေရှုထောင့်ကနေပဲ လုပ်ဆောင်သွားမယ်။ နောက်တော့ ကိုယ့်နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်သွားမှာပါ။M-Media။ ။အန်ကယ့်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုလေးလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ၉ တန်းလောက်ကတည်း ဦးသန့်အရေးအခင်းမှာစပါခဲ့တယ်။ ၁၉၈၇မှာ ၇၅ ကျပ်တန်အရေးအခင်းဖြစ်တော့ ကျောင်းသားတွေကို ဦးဆောင်ခဲ့တယ်။ နောက် ၈၈ အရေးအခင်းရောက်တော့ ရှေ့နေအသင်းကနေ တရားတွေတက်ဟောတယ်။ နောက် ၅(ည) မှုနဲ့ ထောင်ထဲမှာ ခဏထိန်းသိမ်းခံရတယ်။