အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– ကားများ၏ ကာဘွန်ထုတ်လွှတ်မှုအား လိမ်ညာခဲ့သည့်အတွက် ပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဂျာမနီမှ ဗောက်စ်ဝဂွန် ကားထုတ်လုပ်ရေးမှာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ရှိသည့် တရုတ်နိုင်ငံမှ ကားပေါင်း ၂၀၀၀ နီးပါးကို ပြန်သိမ်းသွားမည်ဟု ယနေ့တွင် ကြေငြာလိုက်သည်။
ဗောက်စ်ဝဂွန်မှ ထုတ်လုပ်သည့် ဒီဇယ်ကားများ၏ ကာဗွန်ထုတ်လုပ်မှုကို စမ်းသပ်ရာတွင် ကုမ္ပဏီက ဆော့ဖ်ဝဲတစ်ခုသုံး၍ လိမ်ညာခဲ့ပြီး တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီကလည်း နိုင်ငံအတွင်းသို့ တင်သွင်းသော သို့မဟုတ် နိုင်ငံအတွင်း ထုတ်လုပ်သော ဗောက်စ်ဝဂွန်ကားများတွင် ထိုသို့ လိမ်ညာထားခြင်း ရှိမရှိကို စစ်ဆေးနေသည်။
တရုတ်နိုင်ငံသို့ ဗောက်စ်ဝဂွန်က ပြီးခဲ့သည့်နှစ်အတွင်း ကားပေါင်း ၃.၆၇ သန်းကို တင်သွင်းခဲ့ပြီး ယခုပြန်သိမ်းမည့် ကားများမှာ ဒီဇယ်ကားများဖြစ်သည်။ ဗောက်စ်ဝဂွန်နှင့် ဖက်စက်လုပ်ကိုင်သည့် တရုတ်နိုင်ငံမှ အဓိက ကုမ္ပဏီကြီး ၂ ခုက ၎င်းတို့၏ ထုတ်လုပ်မှုတွင် ထိုကဲ့သို့ လိမ်ညာထားခြင်းမရှိဟု စောစောပိုင်းက ကြေငြာချက် ထုတ်ပြန်ထားသည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.