အောက်တိုဘာ ၁၇၊ ၂၀၁၅
M-Media
– ယခုနှစ်ရာသီသိမ်းချိန်တွင် ချယ်ဆီးမှာ ဇယားအလယ်၌သာရှိ သော်လည်း မိမိအနေဖြင့် အသင်းမှ ထုတ်ပယ်ခံရမည် မဟုတ်ဟု နည်းပြမော်ရင်ဟိုက ပြောကြားလိုက်သည်။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးမှာ ရာသီအစတွင် ဆိုးရွားသည့်အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး ၈ ပွဲကစား ၈ မှတ်သာရရှိထားကာ အဆင့် ၁၆ နေရာတွင် ရှိနေသည်။ မော်ရင်ဟိုမှာလည်း ဖိအားဒဏ်ကို ခံစားနေရပြီး ၎င်း ပထမအကြိမ် နည်းပြစဉ် ၂၀၀၆-၀၇ ခုနှစ်က အခြေအနေမျိုးဖြစ်နေကာ ထိုအချိန်က ကဲ့သို့ပင် ထုတ်ပယ်ခံရမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
“အဲဒီတုန်းကနဲ့ ကွဲပြားခြားနားမှုတွေ တော်တော်လေး ရှိနေပါတယ်။ အခုမှ ခြားနာတာမျိုး မဟုတ်ပါဘူး။ ကျွန်တော် ၂၀၁၃ ခုနှစ် ပြန်ရောက်တဲ့အချိန်၊ ပိုင်ရှင်၊ ဘုတ်အဖွဲ့တွေနဲ့ စပြီးစကားပြောတဲ့ အချိန်ကတည်းကပါပဲ။ (လွန်ခဲ့သည့်နှစ်ပတ် ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သော ပွဲအပြီး) ကျွန်တော်ဟာ အသင်းပိုင်ရှင်နဲ့ ညစာစားခဲ့ပါတယ်။ အထုတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး မရှိဘူးဆိုတာ ကျွန်တော် သိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.