အောက်တိုဘာ ၁၇၊ ၂၀၁၅
M-Media
– နျူးကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အီရန်အပေါ် ပြုလုပ်ထားသော ပိတ်ဆို့မှုများကို လာမည့် အောက်တိုဘာ ၁၈ ရက် တနင်္ဂနွေနေ့တွင် ဥရောပသမဂ္ဂက ကြေငြာတော့မည်ဟု အနောက်နိုင်ငံများ၏ သံတမန်ရင်းမြစ်များအရ သိရသည်။
အီရန်မှာ ဇူလိုင်လက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချုပ်ဆိုထားသော နျူအရေးသဘောတူညီချက်တွင် ပါဝင်သော ကတိက၀တ်များကို အပြည့်အ၀ အကောင်အထည်ဖော်မှု ရှိခဲ့သည်ဟု နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA က အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂက ထိုကဲ့သို့ ပိတ်ဆို့မှုများ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အသက်ဝင်လာမည်ဟု ရင်းမြစ်များကဆိုသည်။
အဆိုပါ နျူအရေးသဘောတူညီချက်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အီရန်ပါလီမန်မှ အတည်ပြုခဲ့ပြီး ထိပ်တန်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အီရန် အခြေခံဥပေဒ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ထိုအတည်ပြုချက်ကို လက်ခံခဲ့သောကြောင့် အီရန်အစိုးရက သဘောတူညီချက်ကို အကောင်အထည် ဖော်တော့မည်ဖြစ်သည်။
အမေရိကန်ကလည်း အီရန်အပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည့် ကြေငြာချက်ကို တနင်္ဂနွေနေ့တွင် ကြေငြာရန် ရှိနေသည်။
Ref: Channnelnewsasia
Leave a Reply
You must be logged in to post a comment.