အောက်တိုဘာ ၁၇၊ ၂၀၁၅
M-Media
– ဆေးဘက်ဆိုင်ရာနှင့် သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များတွင် အသုံးပြုရန်အတွက် ဆေးခြောက်စိုက်ပျိုးမှုကို တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးတော့မည်ဟု သြစတေးလျ အစိုးရက ယနေ့တွင် ကြေငြာလိုက်သည်။
လက်ရှိအချိန်တွင် ပိတ်ပင်ထားသော်လည်း အားအင်ကုန်ခမ်းသည့် ရောဂါဝေဒနာကို ခံစားနေရသူများအတွက် အခြား ကုသမှုနည်းလမ်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ဆေးခြောက်စိုက်ပျိုးခွင့်ပြုရေး မူကြမ်းကို ပါလီမန်တွင် တင်သွင်းသွားမည်ဟု ကျန်းမာရေးဝန်ကြီး ဆူဆန်လေးက ပြောကြားခဲ့သည်။
“အားအင်ကုန်ခမ်းတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ပြည်သူတွေကို အစိုးရက အလွန်အမင်း စာနာမိပါတယ်။ ပြီးတော့ အစွမ်းအထက်ဆုံး ကုသမှုနည်းလမ်းတွေ ရရှိအောင်လည်း ဆောင်ရွက်ပေးချင်ပါတယ်” ဟု လေးက ဆိုသည်။ သို့သော်လည်း သာမန်သုံးစွဲရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခြင်းကိုမူ တရားမ၀င်အဖြစ် ဆက်လက် သတ်မှတ်သွားမည်ဖြစ်သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.