အောက်တိုဘာ ၁၈၊ ၂၀၁၅
M-Media
– အခြားသူများ၏ ဝေဖန်မှုထက် နည်းပြနှင့် အသင်းသားများ၏ အထင်အမြင်များကိုသာ အာရုံစိုက်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
အင်္ဂလန်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့သည့် ၀ိန်းရူနီမှာ ပရီးမီးယားလိဂ်တွင် ဂိုးရရန် ရုန်းကန်နေရပြီး ယမန်နေ့က ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဲဗာတန်အသင်းနှင့်ပွဲတွင် တတိယဂိုး သွင်းပေးနိုင်ခဲ့သည်။ ထိုဂိုးမှာ အဝေးကွင်းတွင် ၁၁ လအတွင်း ရူနီ၏ ပထမဆုံးဂိုးဖြစ်ပြီး အသင်းဟောင်းအဲဗာတန်အား ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး သွင်းနိုင်သည့် ဂိုးလည်း ဖြစ်သည်။
ပွဲအပြီးတွင် ၎င်း၏ ဂိုးမိုးခေါင်မှုကို ကျော်ဖြတ်ရန် စဉ်းစားခဲ့သလားဟု မေးမြန်းရာ ရူနီက “ဒါဟာ သတင်းမီဒီယာက ဘယ်လိုစဉ်းစားလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူတို့ကြိုက်သလို သူတို့ ပြောနေကြတာပဲ။ ကျွန်တော် အရေးစိုက်တာက နည်းပြနဲ့ အသင်းသားတွေရဲ့ အမြင်ကိုပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.