အောက်တိုဘာ ၁၉၊ ၂၀၁၅
M-Media
– နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များအပေါ် စာနာထောက်ထားသော မှတ်ချက်များ ပေးခဲ့ခြင်းကြောင့် စနေနေ့က ဓားထိုးခံခဲ့ရသည့် ဂျာမန်မြို့တော်ဝန်လောင်း အမျိုသမီးမှာ ယမန်နေ့ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။
နိုင်ငံအနောက်ပိုင်း ကိုးလုံးမြို့တွင် တစ်သီးပုဂ္ဂလအဖြစ် မြို့တော်ဝန်နေရာကို ယှဉ်ပြိုင်သည့် ဟင်နရီယက်တီ ရက်ကာဆိုသူ အမျိုးသမီးဖြစ်ပြီး စုစုပေါင်းမဲရေအတွက်၏ ၅၂ ရာခိုင်နှုန်းရရှိကာ မြို့တော်ဝန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူမမှာ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ အာဏာရ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီနှင့် နီးစပ်သူတစ်ဦးလည်း ဖြစ်သည်။
မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည့် ရက်ကာ၏လည်ပင်းကို ကို အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးက စနေနေ့တွင် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး သူမ၏ ဒုက္ခသည်ထောက်ခံမှုကို မကျေနပ်သောကြောင့် ထိုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရက်ကာမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်။
Ref: CNN
Leave a Reply
You must be logged in to post a comment.