News @ M-Media

ပြင်သစ်ကားတိုက်မှု အဖိုးအဖွား ၄၀ ကျော် သေဆုံး

အောက်တိုဘာ ၂၃၊ ၂၀၁၅
M-Media

france

– ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း လီဘော်နီမြို့တွင် ဒေသစံတော်ချိန် ယနေ့မနက်ပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ တိုက်မှုအတွင်း အသက်ကြီး အဘိုးအဘွား အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါ ဘတ်စ်ကားမှာ အနီးအနားရှိရွာမှ အဘိုးအဘွားများကို အပျော်ခရီးထွက်ရန် တင်ဆောင်လာခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဘတ်စ်ကား မီးလောင်သွားသောကြောင့် ထိုကဲ့သို့ အသေအပျောက် များခဲ့ခြင်းဖြစ်သည်။

ထရပ်ကားမောင်းသူလည်း ထိုအဖြစ်အပျက်တွင် သေဆုံးသွားပြီး ဘစ်တ်ကားမှ အသက်ရှင်ကျန်ရစ်သူ ၅ ဦးမှာ ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူနေရသည်။ အခြား ၃ ဦးမှာမူ မည်သည့်ဒဏ်ရာမှ မရရှိဘဲ လွတ်မြောက်သွားခဲ့သည်။

လောလောဆယ်တွင် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ တိုက်မိရခြင်းကို အတိအကျ မသိရှိရသေးဘဲ အာဏာပိုင်များကမူ အရှိန်များမှုနှင့် ရာသီဥတုအခြေအနေက ထိုကားတိုက်မှုအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် အကြောင်းအရင်းများဟု မှတ်ယူထားကြသည်။ ထိုမတော်တဆမှုမှာ ၁၉၈၂ ခုနှစ်နောက်ပိုင်း ပြစ်သစ်နိုင်ငံတွင် အဆိုးဝါးဆုံး ယာဉ်မတော်တဆမှုဖြစ်သည်။

Ref: Aljazeera

Comments

Leave a Reply