အောက်တိုဘာ ၃၁၊ ၂၀၁၅
M-Media
– ရိုမေးနီးယားမြို့တော် ဘူခါရက်စ်ရှိ နိုက်ကလပ်တစ်ခုတွင် ယမန်နေ့ည ၁၁ နာရီခန့်က မီးလောင်ကျွမ်းခဲ့သောကြောင့် ယနေ့မနက်အထိ သေဆုံးသူမှာ အနည်းဆုံး ၂၇ ဦး ရှိနေပြီး ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ရိုမေးနီးယား အာဏာပိုင်များက ပြောကြားလိုက်သည်။
Rock ဂီတဖျော်ဖြေပွဲ ပြုလုပ်နေပြီး လူရာနှင့်ချီ၍ ရှိနေစဉ် ထိုကဲ့သို့ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရခြင်း အကြောင်းအရင်းကို အတိအကျ မသိရှိရသေးသော်လည်း ဂီတဖျော်ဖြေပွဲတွင် အသုံးပြုသည့် မီးပန်းများတွင် ပြဿနာရှိသည်ဟု ယုံကြည်ရသည်။
သေဆုံးဒဏ်ရာရသူ အများစုမှာ ဆယ်ကျော်သက်လူငယ်များဖြစ်ကြပြီး ဆေးရုံးသို့ တင်ပို့ထားရသူများတွင် မီးလောင်ဒဏ်ရာ ဆိုးဆိုးဝါးဝါးရသူများလည်း ပါဝင်ခဲ့ကာ သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်ဖွယ် ရှိနေသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.