အောက်တိုဘာ ၃၁၊ ၂၀၁၅
M-Media
– မန်ယူတွင် ကစားခဲ့ရသည့် အချိန်များကို မိမိအနေဖြင့် မပျော်ရွှင်ဘဲ အချိန်နှင့်အမျှ စိတ်ပျက်မှုကို ခံစားခဲ့ရသည်ဟု ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ၀ီလ်ဖရိုင်း ဇာဟာက ပြောကြားလိုက်သည်။
ဇာဟာမှာ ၂၀၁၃ ခုနှစ်တွင် မန်ယူသို့ ရောက်ရှိခဲ့ပြီး ဖာဂူဆန်၏ နောက်ဆုံးခေါ်ယူသော ကစားသမားလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း မန်ယူတွင် ၄ ပွဲသာ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်တွင် လုံးဝ ပွဲထွက်ခွင့် မရသောကြောင့် ယခုနှစ် ဖေဖော်ဝါရီတွင် အသင်းဟောင်း ပဲလေ့စ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
“အချိန်နဲ့အမျှ ကျွန်တော် စိတ်ပျက်ခဲ့ရပါတယ်။ ကိစ္စ တော်တော်များများအတွက်လည်း ကျွန်တော် ခံစားခဲ့ရပါတယ်။ ကျွန်တော် ကောင်းကောင်းမကစားနိုင်တဲ့အခါ ဘယ်သူမှ ကျွန်တော့်ကို ပြောစရာမလိုပါဘူး။ ကျွန်တော် ကို့ယ်ကိုယ်ကို ပြန်ပြင်တယ်။ စိတ်ရှုတ်တဲ့အခါမှာလည်း ကျွန်တော်က ကိုယ့်ဟာကိုယ် ဖြေပါတယ်” ဟု ဇာဟာက ပြောကြားခဲ့ပြီး မန်ယူတွင် ကစားရသည့်ပွဲများတွင် အကောင်းဆုံး မကစားနိုင်ခဲ့ဟု ၀န်ခံခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.