အောက်တိုဘာ ၃၁၊ ၂၀၁၅
M-Media
– ဆီးရီးယားပြဿနာဖြေရှင်းရန်အတွက် အင်အားကြီးနိုင်ငံများ ယမန်နေ့က ဗီယင်နာ၌ ဆွေးနွေးမှုတွင် ဆီးရီးယား သမ္မတ ဘာရှာ အလ်-အာဆတ်၏ အနာဂတ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့် သဘောတူညီချက် မရရှိခဲ့ဘဲ နောက်ထပ် နှစ်ပတ်အတွင်း ဆွေးနွေးညှိနှိုင်းမှုအသစ် ပြုလုပ်ရန်သာ သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပါဝင်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း မိမိတို့အကြားတွင် အဓိကကွဲလွဲချက်များ ရှိနေသည်ဟု ၀န်ခံခဲ့သည်။ အမေရိကန်၊ ရုရှား၊ အီရန်၊ ပြင်သစ်နှင့် ဗြိတိန်၊ ဂျာမနီ၊ အီဂျစ်၊ အီတလီ၊ လက်ဘနွန်၊ အခြားသော အာရပ်နိုင်ငံများနှင့် အီးယူတို့ ပါဝင်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့သည့် အချက်များမှ တစ်ခုမှာ IS အဖွဲ့အား ဆီးရီးယားတွင် စိုးမိုးခွင့်မရရေး လုပ်ဆောင်ရန်ဖြစ်သည်။
အီရန်ကမူ ရွေးကောက်ပွဲပြုလုပ်ကာ အာဆတ်၏ကံကြမ္မာကို အဆုံးအဖြစ်ပေးမည့် ၆ လကြာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မိမိတို့က အားပေးထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အခြားနိုင်ငံများကမူ ထိုလုပ်ငန်းစဉ်မှာ အာဆတ် အာဏာဆက်ရှိစေရေး လှည့်ကွက်သာဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.