နိုဝင်ဘာ ၅၊ ၂၀၁၅
M-Media
– ၂၀၁၅ ခုနှစ် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ရက်တာ ကြာမြင့်မည်ဟု သိရသည်။
အဆိုပါ အစည်းအဝေးတွင် ၂၀၁၆ မှ ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်မည့် ဒေသတွင်း ပို့ဆောင်ရေး စီမံကိန်းဖြစ်သော ကွာလာလမ်ပူ ပို့ဆောင်ရေး မဟာဗျူဟာအစီအစဉ် (KLTSP) ကို နောက်ဆုံး သဘောတူညီချက် ရယူမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်မှာ အာဆီယံ ပို့ဆောင်ရေးစနစ်တွင် ဆက်သွယ်မှု၊ စိတ်ချရမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့် ရေရှည်တည်တံ့ရေးတို့ကို တိုးတက်အောင် ဆောင်ရွက်မည့် စီမံကိန်းလည်းဖြစ်သည်။
အာဆီယံနိုင်ငံများ၏ ထိုအစည်းအဝေးကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကလည်း တက်ရောက်မည်ဖြစ်ပြီး ဒေသတွင်း မာစတာပလန်များကို လေ့လာသွားမည်ဖြစ်သည်။ အစည်းအဝေးတွင် အာဆီယံဒေသ လေပိုင်နက်နှင့် လေကြောင်းဈေးကွက် တစ်ခုတည်းဖြစ်ရေး၊ အဆီယံ အဝေးပြေးလမ်းမ ကွန်ယက်၊ စင်ကာပူ-ကူမင်း ရထားလမ်းကြောင်း စီမံကိန်း စသည်တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
Ref: Channelnewsasisa


Leave a Reply
You must be logged in to post a comment.