News @ M-Media

IS အဖွဲ့က အစ္စလာမ်၊ မွတ်စလင်တို့နှင့် မပတ်သက်ဟု အိုဘားမားပြော

နိုဝင်ဘာ ၁၇၊ ၂၀၁၅
M-Media

obama

– တူရကီနိုင်ငံမှာ ပြုလုပ်နေတဲ့ G20 ထိပ်သီးအစည်းဝေးမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက IS အဖွဲ့ဟာ အစ္စလာမ်ကို ကိုယ်စားမပြုသလို မွတ်စလင်အများစုရဲ့ ပြုမူနေထိုင်ပုံတွေနဲ့လည်း ဘယ်လိုမှ မပတ်သက်ဘူးလို့ ပြောသွားခဲ့ပါတယ်။

“ISIL (IS) အဖွဲ့ဟာ အစ္စလာမ်ကို ကိုယ်စားမပြုပါဘူး။ မွတ်စလင်အများစုရဲ့ ပြုမူနေထိုင်ပုံ ဘယ်လို သဘောထားတွေကိုမှလည်း သူတို့က ကိုယ်စားမပြုပါဘူး” လို့ အိုဘားမားက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် ယိုးစွပ်ပြောဆိုတာတွေကိုလည်းအိုဘားမားက ဆန့်ကျင်ခဲ့ပြီး ဒီလို ၀ါးလုံးသိမ်းရမ်းတာတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ လူသစ်စုဆောင်းဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမယ်လို့လည်း အိုဘားမားက သတိပေးခဲ့ပါတယ်။

“ပဲရစ်မှာဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ကိစ္စတွေကို အစ္စလာမ်ရဲ့ သွန်သင်မှုတွေနဲ့ တန်းတူပဲလို့ တစ်ယောက်ယောက်က သတ်မှတ်တာမျိုးနဲ့ ပတ်သက်ပြီး ပြောရရင်၊ ဒီလို ယူဆချက်အမှားတွေဟာ အကျိုးယုတ်စေမှာဖြစ်ပြီး အဲဒီလို သတ်မှတ်တာတွေဟာလည်း မှားယွင်းပါတယ်။ တကယ်လို့များ အကြမ်းဖက်ပြဿနာထက် မွတ်စလင်တွေရဲ့ ပြဿနာလို့ တစ်နည်းနည်းနဲ့ အဓိပ္ပါယ် သတ်မှတ်လိုက်တဲ့အခါ အဲဒါမျိုးတွေက အကြမ်းဖက်အဖွဲ့အစည်းတွေ လူသစ် ကောင်းကောင်းစုဆောင်းနိုင်ဖို့ ဦးတည်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီး အာရပ်နိုင်ငံတွေက အပါအ၀င် မွတ်စလင်အများအပြားလည်း ပါဝင်ခဲ့ပါတယ်။

Comments

Leave a Reply