News @ M-Media

အိန္ဒိယရှိ မသန်စွမ်းအမျိုးသားတစ်ဦး ဒေါက်တာဘွဲ့ရ

နိုဝင်ဘာ ၂၁၊ ၂၀၁၅
M-Media

syco

– အိန္ဒိယနိုင်ငံမှ ၉၅ ရာခိုင်နှုန်း မသန်စွမ်းဖြစ်နေသော သုတေသနပညာရှင် အမျိုးသားတစ်ဦးမှာ ကွန်ပျူတာသိပ္ပံ ဘာသာရပ်တွင် ဒေါက်တာဘွဲ့ရရှိခဲ့သည်ဟု သိရသည်။

အက်စ်ဟန်ရှ် ဂွပ်တာဆိုသူဖြစ်ပြီး Brain Coumputer Interface စာတမ်းဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ခြင်းဖြစ်ကာ ဂျဝါဟာလာ နေရူးတက္ကသိုလ်၌ အထူးအခမ်းအနားဖြင့် ၎င်းအား ဂုဏ်ပြုခဲ့သည်။ ပါမောက္ခဘွဲ့ ချီးမြှင့်ခြင်းအခမ်းအနားကို လာမည့်နှစ်တွင် ပြုလုပ်မည်ဖြစ်သည်။

ဦးနှောက်အစိတ်အပိုင်းတစ်ခု ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ကို ပုံမှန်အလုပ်လုပ်၍ မရသည့် ရောဂါဖြင့် ကြီးပြင်းလာခဲ့သော အသက် ၃၂ နှစ်အရွယ် အက်စ်ဟန်ရှ်ကမူ အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ၎င်း၏ မိခင်၊ ဆရာတို့အား မိမိ ကံကြမ္မာကို ထုဆစ်ပေးခဲ့သည့်အတွက် ကျေဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဂျာအန်ပူးရ်ရှိ Umanath Singh အင်ဂျင်နီယာတက္ကသိုလ်သို့ နေ့စဉ် ဆိုက်ကားဖြင့် လိုက်ပို့ပေးသော ဆိုက်ကားစရာ မီရာ ဆာဟူကိုလည်း ကျေးဇူးတင်သည်ဟု ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

အက်စ်ဟန်ရှ်မှာ ဂျဝါဟာလာ နေရူးတက္ကသိုလ်၌ အလုပ်လုပ်ကိုင်သွားမည်ဖြစ်ပြီး တက္ကသိုလ်ကလည်း ၎င်းအား လက်ခံရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

Ref: Siasat

Comments

Leave a Reply