News @ M-Media

ဘာကာအားရှုံးလျှင် ဘင်နီတက်ဇ် ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်

နိုဝင်ဘာ ၂၁၊ ၂၀၁၅
M-Media

bennitez

– ယခုတစ်ပတ်တွင်ကစားမည့် ဘာစီလိုနာအသင်းနှင့် လာလီဂါပွဲတွင် ရှုံးနိမ့်ပါက ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်မှာ ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဘန်နီတက်ဇ်မှာ ရီးယဲလ်သို့ ရောက်လာစဉ်ကတည်းက ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ၎င်း၏ ခံစစ်ဦးစားပေး ကစားပုံမှာ အသင်းနှင့် လိုက်ဖက်မှုမရှိဟု အများစုက သုံးသပ်မှုများလည်း ရှိနေသည်။

ရီးယဲလ်အသင်းပိုင်ရှင် ပီရက်ဇ်ကလည်း ဘင်နီတက်ဇ်၏ အခြေအနေကို စောင့်ကြည့်နေကာ ယခုတစ်ပတ် ဘာစီလိုနာနှင့်ပွဲ၌ ရှုံးနိမ့်ပါက နည်းပြအပြောင်းအလဲ ပြုလုပ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုသည်။

ဘင်နီတက်ဇ် အထုတ်ခံရပါက ရီးယဲလ်အရန်အသင်းကို နည်းပြနေသည့် ရီးယဲလ်ကစားသမားဟောင်း ဇီဒိန်းက နည်းပြဖြစ်ရန် ရေပန်းစားနေသည်။ ဇီဒိန်းကလည်း ရီးယဲလ်နည်းပြရာထူးအား စိတ်ဝင်စားနေသည်။

Ref: Goal

Comments

Leave a Reply