News @ M-Media

ဖားကန့်တွင် ကျောက်ခဲပုံ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၇၀ ကျော် သေဆုံး

နိုဝင်ဘာ ၂၂၊ ၂၀၁၅
M-Media

hpa kant

– မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဖားကန့်မြို့တွင် မိုင်းတွင်းမှ စွန့်ပစ်ကျောက်ခဲများ စုပုံထားရာ(မြေစာပုံ) တောင်ကြီး ပြိုကျခဲ့သောကြောင့် လူ ၇၀ ကျော် သေဆုံးပြီး ပျောက်ဆုံးမှုများလည်း ရှိနေသည်ဟု သိရသည်။

နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေနှင့် ကျောက်စိမ်း တူးဖော်မှုမှ ထွက်ရှိသော ကျောက်တုံး ကျောက်ခဲများပါဝင်သည့် အဆိုပါမြေစာပုံမှာ မီတာ ၃၀၀ အမြင့်ရှိသည်ဟု ဆိုသည်။

“အခုအချိန်အထိ သေဆုံးသူအလောင်း ၇၅ လောင်းကို ကျွန်တော်တို့ တွေ့ရှိပြီးပါပြီ” ဟု မြို့နယ် အုပ်ချုပ်ေးမှူး တင့်ဆွေမြင့်က ပြောကြားခဲ့သည်။ ပြိုကျမှုကြောင့် အနီးအနားတွင်ရှိနေသည့် အိမ်ခြေ ၅၀ ခန့်မှာ ပျက်ဆီးခဲ့ရကာ လူ ၁၀၀ ကျော် ပျောက်ဆုံးနေသည်။

“ကျွန်တော်တို့ သူတို့ကို ကယ်ဆယ်ဖို့ ကြိုးစားနေပါတယ်”

ကမ္ဘာ့ကျာက်စိမ်းဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးသည့် ဖားကန့်တွင် မြေစာပုံမြိုမှုများမှာ ပုံမှန်လိုလိုဖြစ်နေပြီး ပြီးခဲ့သည့် မတ်လနှောင်းပိုင်းကလည်း ကျောက်စိမ်းမိုင်းတွင်းများအနီးတွင် ထိုကဲ့သို့ မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်။

Ref: PressTV

ဖားကန့်တွင် ကျောက်ခဲပုံ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၇၀ ကျော် သေဆုံး

Comments

Leave a Reply