နိုဝင်ဘာ ၂၄၊ ၂၀၁၅
M-Media
– ပီအက်စ်ဂျီအသင်းတွင် ရော်နယ်ဒိုနှင့် ပြန်လည် တွဲကစားရတော့မည်ဟူသော မှတ်ချက်ရေးသားမှုကြောင့် ပီအက်စ်ဂျီကွင်းလယ်လူ ဒီမာရီယာ၏ အမည်ဖြင့် Facebook အကောင့်တစ်ခုမှာ ဖယ်ရှားခံလိုက်ရသည်ဟု သိရသည်။
ဒီမာရီယာအမည်ဖြင့် အဆိုပါအကောင့်တွင် ၎င်းနှင့် ရိုနယ်ဒိုတို့၏ နှစ်ဦးပုံကို လွှင့်တင်ထားပြီး “ခရစ္စယာနို ရော်နယ်ဒိုရေ – မကြာမီဆုံရတော့မယ် သူငယ်ချင်း” ဟု ရေးသားထားသည်။
ရော်နယ်ဒို၏ ရီးယဲလ်နှင့် အနာဂတ်မှာ မသေချာဟု သတင်းများ ထွက်ပေါ်နေပြီး ပြီးခဲ့သည့် ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့၏ ချန်ပီယံလိဂ်ပွဲတွင်လည်း ရော်နယ်ဒိုမှာ ပီအက်စ်ဂျီနည်းပြနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သောကြောင့် အသင်းပြောင်းတော့မည်ဆိုသည့် ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။
သို့သော်လည်း ထိုစာမျက်နှာမှာ ဒီမာရီယာ ကိုယ်တိုင်သုံးသည့် အကောင့်မဟုတ်ဘဲ မည်သူက ကိုင်တွယ်အသုံးပြုနေသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရပေ။ ဒီမာရီယာ၏ဇနီး ဂျော်ဂျီလီနာ ကာဒိုဆိုကလည်း ထိုပို့စ်ကို ၎င်း၏ခင်ပွန်းက တင်ခဲ့ခြင်းမဟုတ်ဟု Instagram တွင် ပြန်လည် ရှင်းလင်းခဲ့သည်။
“အိန်ဂျဲလ် (ဒီမာရီယာ) ဟာ Facebook မသုံးပါဘူး။ Twitter လည်း မသုံးပါဘူး”
ထိုဓာတ်ပုံနှင့် ပို့စ်တင်မှုကို သတင်းမီဒီယာများက ကိုးကားကာ ရော်နယ်ဒိုမှာ ပီအက်စ်ဂျီသို့ ရောက်ရှိတော့မည်ဟု ဖော်ပြမှုများ ရှိခဲ့သောကြာင့် ထိုစာမျက်နှာကို Facebook က နောက်ပိုင်းတွင် ဖယ်ရှားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.