ဒီဇင်ဘာ ၁၊ ၂၀၁၅
M-Media
– ရာသီဥတု ခြောက်သွေ့မှုက လယ်သမားများအား စီးပွားရေးကြပ်တည်းမှု ဖြစ်စေပြီး နိုင်ငံတစ်ဝှမ်း အစားအစာ မလုံလောက်မှုများ ဖြစ်အောင် ခြိမ်းခြောက်မှုများရှိနေသောကြောင့် တောင်အာဖရိကမှာ ပြည်နယ် ၅ ခုကို မိုးခေါင်ရေရှား ကပ်ဆိုက်နေသာ ဒေသများအဖြစ် ကြေငြာလိုက်သည်။
ကွာဇူလူနာတယ်၊ ပူမာလမ်ဂါ၊ နော့သ်ဝက်စ်၊ လင်ပိုပို၊ ဖရီးစတိတ် စသော ပြည်နယ်များတွင် မိုးခေါင်ရေရှားမှုကို အလွန်အမင်း ခံစားနေရကြောင်း အစိုးရက ထုတ်ဖော်ကြေငြာခဲ့ပြီး မိုးခေါင်မှုကြောင့် နိုင်ငံ၏ အစိတ်အပိုင်းတော်တော်များများတွင် ပြည်သူများမှာ သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။
လယ်သမားများအပေါ်တွင် အဓိကသက်ရောက်မှုရှိနေပြီး ကောက်ပဲသီးနှံရိတ်သိမ်းမှုများ မပြုလုပ်နိုင်ခြင်း၊ တိရစ္ဆာန်များကို အစားမကျွေးမွေးနိုင်ခြင်းများလည်း ရှိနေကြသည်။ မြို့တော် ဂျိုဟန်နစ္စဘတ်သည်ပင် ရေပြတ်လပ်မှုမှာ သာမန်ထက် အဆမတန် ဆိုးရွားသောကြောင့် အလွန်အမင်း ထိခိုက်မှုများ ရှိနေသည်။
ဌာနဆိုင်ရာများက ရေပြတ်လပ်မှုသည် အပူလှိုင်းဖြတ်ခြင်းနှင့် မိုးရွာသွန်းမှုမရှိသည့် အကျိုးဆက်ဖြစ်သည်ဟု ဆိုသည်။
အယ်နီညိုရာသီဥတုကြောင့် အပူလှိုင်းသည် နွေအကုန်အထိ ရှိမည်ဟု မျှော်လင့်ရသည့်အတွက် ပြည်သူများမှာ ရေကို အလွန်ခြွေတာ သုံးစွဲနေရသည်။
အယ်နီညိုဆိုသည်မှာ အရှေ့တောင်အာရှ၊ အာဖရိက၊ သြစတြေးလျတို့တွင် ခြောက်သွေ့မှုနှင့် ဆက်စပ်နေပြီး အပူပိုင်းအရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာတွင် ရေမျက်နှာပြင်များ ပူနွေးလာမှုကြောင့် ဖြစ်ပေါ်သော ရာသီဥတုဖြစ်သည်။
တောင်အာဖရိကသည် ၁၉၈၂ တွင် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့်ကြုံတွေ့ခဲ့ရဖူးပြီး နိုင်ငံတ၀ှမ်းရှိ လူနေအိမ် ၂ ဒသမ ၇ သန်း ကျော်သည် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
Ref: Press TV


Leave a Reply
You must be logged in to post a comment.