ဒီဇင်ဘာ ၄၊ ၂၀၁၅
M-Media

– ကမ္ဘောဒီးယားတရားရုံးသည် လိုင်စင်မဲ့ဆေးကုသသူ သမားတော်တစ်ဦးအား ရွာသား ၃၀၀ နီးပါးကို HIV ပိုးကူးစက်အောင် ပြုလုပ်ခဲ့မှုအတွက် လူသတ်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။
အသက် ၅၆ နှစ်အရွယ် ယမ်ချရင်ဆိုင်သူဖြစ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့သော ငြှင်းပမ်းမှုနှင့် ရက်စက်သော လုပ်ရပ်များ ဆောင်ရွက်ခြင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် HIV ပိုး ပျံ့နှံ့စေခဲ့ခြင်း၊ လိုင်စင်မဲ့ဆေးကုသခြင်း စသည်တို့အတွက် ယမန်နေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ သမားတော်ကြောင့် HIV ပိုး ကူးစက်ခံရသူများတွင် အသက် ၂ နှစ်အရွယ်မှစ၍ ၈၀ အရွယ်ထိ ပါဝင်သည်။ယမ်ချရင်သည် အသုံးပြုပြီး ဆေးထိုးအပ်များကို ထပ်ခါထပ်ခါ အသုံးပြုခဲ့ကြောင်း ၀န်ခံခဲ့ပြီး ဗိုင်းရပ်စ်ပိုးအား ရည်ရွယ်ချက်ရှိရှိ ကူးစက်စေခဲ့သည်ဟူသော စွဲချက်ကို ငြင်းဆိုခဲ့သည်။
ယမ်ချရင်သည် လူလေးစားကြည်ညိုခံရသော သမားတော်တစ်ဦးဖြစ်ပြီး ရွာသားများက ၎င်းတွင် ရောဂါပျောက်ကင်းစေနိုင်သော တန်ခိုးစွမ်းအားများလည်း ရှိနေသည်ဟု ယုံကြည်ထားခံရသူတစ်ဦးဖြစ်သည်။ ၎င်းသည် ဆင်းရဲသားများကို အဖိုးအခသက်သာစွာဖြင့် ကုသပေးကြောင်း ရဲဌာနက ပြောကြားခဲ့သည်။
Ref: Aljazeera

Leave a Reply
You must be logged in to post a comment.