ဒီဇင်ဘာ ၅၊ ၂၀၁၅
M-Media
– မိမိတို့အသင်းမှာ ဘောလုံးလောကမှ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည့် အနေအထားမျိုး ရှိသည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။
မန်စီးတီးမှာ လက်ရှိအချိန်တွင် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် ဘိုင်ယန်နည်းပြ ဂွာဒီယိုလာတို့အား ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းထွက်ပေါ်နေသည်။
“ဘောလုံးလောကမှာ အရေးပါဆုံးဖြစ်ချင်ရင် ဒါမှမဟုတ် အရေးပါဆုံးတွေထဲက တစ်သင်း ဖြစ်ချင်ရင် အသင်းကို အကောင်းဆုံးကစားသမားတွေ ခေါ်ယူနိုင်ရပါမယ်။ ကျွန်တော်တို့ဟာ ဒါမျိုးလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီလိုကြိုးစားနေတဲ့အသင်းတွေ ၅ သင်း ၆ သင်းလောက်ရှိတာကြောင့် သိပ်တော့မလွယ်ပါဘူး။ ဒါက အလုပ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ စတိုင်ပေါ်မှာ မူတည်ပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.