ဒီဇင်ဘာ ၅၊ ၂၀၁၅
M-Media
– တရုတ်နှင့် အာဖရိကခေါင်းဆောင်များက win-win cooperation ဟုခေါ်ဆိုသည့် ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် အာဖရိကဖွံဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ ၆၀ ဘီလီယံ ကူညီမည်ဟု တရုတ်သမ္မတဇီဂျင်ပင်းက ကတိပြု ပြောဆိုလိုက်သည်။
တောင်အာဖရိက၌ ပြုလုပ်ခဲ့သည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၌ ဇီက ယမန်နေ့တွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့မှုများကို အခြေခံအဆောက်ဦး စီမံကိန်းများ တည်ဆောက်ရန်၊ မိုးခေါင်ရေရှားနေသည့် နိုင်ငံများအတွက် အကူအညီပေးရန်နှင့် အာဖရိကကျောင်းသား ထောင်ပေါင်းများစွာကို ပညာတော်သင်ဆုပေးရန်တို့တွင် အသုံးပြုရမည်ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံမှာ အာဖရိကရှိ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများမှ အကြွေးများကိုလည်း လျှော်ပစ်ခဲ့သည်။ ဇီကမူ အာဖရိကနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ ဂျာနယ်လစ်ရာပေါင်းများစွာကိုလေ့ကျင့်ပေးခြင်းနှင့် အာဖရိကရှိ ရွာပေါင်း ၁၀၀၀၀ အတွက် ဂြိုဟ်တုစနစ် ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့အတွက်လည်း ကူညီသွားမည်ဟုလည်း ထည့်သွင်း ကတိပြုခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.