News @ M-Media

အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး မုဒိမ်းမှုဖြင့် ထောင်ဒဏ် နှစ် ၂၀၀ ကျော် ကျခံရဖွယ်ရှိနေ

ဒီဇင်ဘာ ၁၁၊ ၂၀၁၅
M-Media

– အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားမြို့မှ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးအား အမျိုးသမီးများကို အကြိမ်များစွာ အဓမ္မပြုကျင့်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ထောင်ဒဏ်နှစ် ၂၀၀ ကျော်ချမှတ်ရန် ဂျူရီများက အကြံပေးခဲ့ကြသည်ဟု သိရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဒန်နီယဲလ် ဟော့ဇ်ကလောဆိုသူ ဖြစ်ပြီး ရှေ့နေများကမူ ၎င်းမှာ ရာဇ၀တ်မှုမှတ်တမ်းများ၊ မူးယစ်ဆေးဝါးပြဿနာများ သို့မဟုတ် ပြည့်တန်ဆာမှတ်တမ်း ရှိသူများကို ရှာဖွေကာ ခြိမ်းခြောက်ပြီး ၎င်း၏ ရာထူးအား အလွဲသုံးစားလုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

၎င်းအား ပထမအဆင့် အဓမ္မကျင့်မှုနှင့် ဓမ္မတာမဟုတ်သော လိင်ဆက်ဆံမှု စုစုပေါင်း စွဲချက် ၃၆ ချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နာရီပေါင်း ၄၀ ကျော်ကြာ စစ်ဆေးကြားနာခဲ့ပြီးနောက် စွဲချက် ၁၈ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဂျူရီများကမူ ဟော့ဇ်ကလောအား ထောင်ဒဏ် စုစုပေါင်း ၂၆၃ နှစ်ချမှတ်ရန် အကြံပြုခဲ့ပြီး လာမည့်လတွင် စီရင်ချက်ချမည်ဖြစ်သည်။

Ref: CNN

Comments

Leave a Reply