ဒီဇင်ဘာ ၁၂၊ ၂၀၁၅
M-Media
– မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ကလေးငယ် ၉၃ ဦးပါဝင်သည့် လူကုန်ကူးမှုများကို စုံစမ်းစစ်ဆေးနေပြီး အဆိုပါပမာဏမှာ နိုဝင်ဘာအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် လများနှင့်နှိုင်းယှဉ်လျှင် စံချိန်တင်ပမာဏဖြစ်သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၏ ယနေ့တွင်ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်အတွင်း မြန်မာအာဏာပိုင်များမှာ လူကုန်ကူးသူများ၏ သားကောင်ဖြစ်ခဲ့ရသူ ၆၁၇ ဦးမှ ၅၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အထဲမှ ၁၀၀ ခန့်မှာ ကလေးငယ်များဖြစ်သည်။
ပြီးခဲ့သည့် ၁၁ လအတွင်း လူကုန်ကူးမှု ၁၂၀ ကို တွေ့ရှိခဲ့ရပြီး လူကုန်ကူးသူ ၃၅၅ ဦးမှ ၂၂၆ ဦးကို ဖမ်းဆီးခဲ့နိုင်ခဲ့သည်။ အဆိုပါ လူကုန်ကူးမှု ဖြစ်ပွားသော နေရာများတွင် ရှမ်းပြည်နယ်မှာ ၃၆ မှုဖြင့် ထိပ်ဆုံး၌ ရှိနေပြီး မန္တလေးနှင့် ရန်ကုန်တို့တွင် ၁၇ မှုစီရှိကာ ကချင်ပြည်နယ်တွင်မှု ၁၃ မှု ရှိခဲ့သည်။
၂၀၀၆ ခုနှစ်မှ ယခုနှစ်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၌ လူကုန်ကူးမှု ၁၂၄၃ မှုကို စုံစမ်းစစ်ဆေးခဲ့ရပြီး လူကုန်ကူးမှု သားကောင်ဖြစ်ခဲ့ရသူ ၂၅၀၀ ကို ကယ်တင်နိုင်ခဲ့သည်။ လူကုန်ကူးသူ ၂၀၀၀ ကျော်ကိုမူ တရားဥဒေရှေ့မှောက်သို့ ခေါ်ဆောင်နိုင်ခဲ့သည်ဟု မြန်မာအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
Ref: Xinhua


Leave a Reply
You must be logged in to post a comment.