News @ M-Media

အမျိုးသမီးများ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းက သားသမီးမြုံစေနိုင်ကြောင်းတွေ့ရှိ

ဒီဇင်ဘာ ၂၀၊ ၂၀၁၅
M-Media

passive smoker

– အမျိုးသမီးများ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းမှာ သားသမီးမြုံခြင်းနှင့် စောစီးစွာသွေးဆုံးမှု ဖြစ်ပေါ်နိုင်ကြောင်း လေ့လာမှုများအရ သိရသည်။

သုတေသီများက ဆေးလိပ် လုံးဝမသောက်သူ အမျိုးသမီးများနှင့် ဆေးလိပ်ငွေ့ အနည်းဆုံး ရှူရှိုက်နေရသူ အမျိုးသမီးများကို နှိုင်းယှဉ်ကြည့်ရာတွင် ဆေးလိပ်ငွေ့ကို ထိတွေ့နေရသူ အမျိုးသမီးများက ကိုယ်ဝန်မရနိုင်ချေများပြီး အသက် ၅၀ မတိုင်ခင် သွေးဆုံးနိုင်ကြောင်း လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

နယူးယောက်ရှိ ကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတာဝန်ခံ၏ ပြောကြားချက်အရ အမျိုးသမီးများတွင် ဆေးလိပ်သောက်ခြင်းနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်မှုကြား ကွင်းဆက်ကို တွေ့ရှိထားပြီးဖြစ်သည်ဟု သိရသည်။

“ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းနဲ့ မျိုးမအောင်မှု၊ အချိန်မတိုင်ခင် သွေးဆုံးနိုင်မှုတို့ ဆက်စပ်မှုရှိကြောင်း တစ်ချို့လေ့လာမှုတွေကနေ တွေ့ရှိထားပါတယ်” ဟု လေ့လာမှုက ဆိုသည်။

ဆေးလိပ်အလွန်အကျွံသောက်သော အမျိုးသမီးများက လုံးဝမသောက်သည့် အမျိုးသမီးများထက် ၂ နှစ်စောပြီး သွေးဆုံးလေ့ရှိသည်။ ဆေးလိပ်လုံးဝမသောက်သော်လည်း တစ်ဆင့်ခံရှူရှိုက်ရသည့် အမျိုးသမီး ၈၀ ရာခိုင်နှုန်းခန့်သည် မျိုးမအောင်မှုနှင့် သွေးဆုံးမှုစောခြင်းတို့ကို ပိုမိုခံစားရလေ့ရှိကြောင်း တွေ့ရှိခဲ့သည်။

Ref: Arab news

Comments

Leave a Reply