ဒီဇင်ဘာ ၂၉၊ ၂၀၁၅
M-Meida

– ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးက ကျူးကျော်ဆောက်လုပ်ထားသည့် အိမ်ယာများတွင် နေထိုင်သူအား ဘရာဇီးလ်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်အဖြစ် ခန့်အပ်လာပါက မိမိတို့နိုင်ငံမှာ လက်ခံနိုင်မည်မဟုတ်ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။
ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက ကျူးကျော်အိမ်ရာများ ဆောက်လုပ်ရေးလှုပ်ရှားမှု၏ အကြီးအကဲဟောင်းတစ်ဦးဖြစ်သည့် ဒါနီ ဒါယန်ဆိုသူကို လွန်ခဲ့သည့် လေးလအရင်က ဘရာဇီးလ်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မကြာသေးမီနှစ်များကတည်းက ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို အားပေးထောက်ခံကာ မားမားမတ်မတ် ရည်တည်ခဲ့သည့် ဘရာဇီး၏ ပေါ်လစီနှင့် အပ်စပ်မှုမရှိပေ။
ဒါယန်အား ခန့်အပ်မှုနှင့်ပတ်သက်၍ ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပါအကြီးအကဲမှာ နိုင်ငံက “လက်ခံမယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု မှတ်ချက်ပေးခဲ့သည်။
ယင်းကိစ္စအပေါ် ပြောရေးဆိုခွင့်မရှိသည့်အတွက် အမည်မဖော်လိုသူ ၎င်းက အစ္စရေးမှာ အခြားသံတမန် တစ်ဦးကို ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဘရားဇီလ်က ပါလက်စတိုင်းအား၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သောကြောင့် ဒါယန်ကို ရွေးချယ်မှုမှာ ဆက်ဆံရေးကို ပိုမို ဆိုးရွားသွားစေနိုင်သည်ဟု ဆိုသည်။
အစ္စရေး လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကမူ ဒါယန်အား အမည်စာရင်းတင်းသွင်းမှုမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ဘရားဇီးလ်က လက်ခံရန် ဖိအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: IINA
Leave a Reply
You must be logged in to post a comment.