ဇန်န၀ါရီ ၉၊ ၂၀၁၆
M-Media
– လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရန်သူများက အီရန်၏ ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေးကို ဖျက်ဆီးရန် ကြိုးပမ်းမှုမှာ ယနေ့အချိန်အထိ ရှိနေဆဲဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်သည်။
မြင့်မြတ်သော ကွမ်မြို့တွင် ပြည်သူများနှင့် ယနေ့တွေ့ဆုံမှုအတွင်း ခါမေနီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်၊ အစ္စရေးနှင့် IS အပါအ၀င် Takfiri အုပ်စုတို့ ပူးပေါင်းထားသည့် ရန်သူများကိုလည်း အီရန်အစ္စလာမ့်မစ် သမ္မတနိုင်ငံက ရင်ဆိုင်နေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“စိုပြေကြီးထွားလာတဲ့ အစ္စလာမ့်မစ်တော်လှန်ရေး သစ်ပင်ကို အမြစ်ဖြုတ်ဖို့ ရန်သူတွေဟာ ကြိုးပမ်းမှုအားလုံးကို အာရုံစိုက် လုပ်ဆောင်နေပါတယ်” ဟု ခါမေနီကဆိုပြီး ထိုလုပ်ကြံမှုများအား တားဆီးရန်အတွက် မိမိတို့တိုင်းပြည်က အစွမ်းကုန် ကြိုးစားသွားမည်ဟု ဆိုသည်။
ထိုပြင် မကြာမီပြုလုပ်တော့မည့် ပါလီမန်ရွေးကောက်ပွဲတွင် အီရန်နိုင်ငံ၏ လုံခြုံရေးကို အာမခံပေးနိုင်ရန်အတွက် မဲပေးခွင့်ရှိသူ ပြည်သူများအားလုံး မဲပေးကြရန်လည်း ခါမေနီက တိုက်တွန်းခဲ့သည်။
ပြင်သစ်နှင့် ရုရှားတို့၏ တော်လှန်ရေးများမှာ လမ်းချော်၊ ပြိုလဲခဲ့သော်လည်း အီရန်၏ အစ္စလာမ့်မစ်တော်လှန်ရေးကို စည်းမျဉ်းစည်းကမ်းများအတိုင်း ရှင်သန်နေရန် စီစဉ်နိုင်ခဲ့သည်ဟု ခါမေနီက ထည့်သွင်းပြောကြားခဲ့သည်။
“အီရန်ရဲ့ အစ္စလာမ့်မစ်တော်လှန်ရေးဟာ အခြေခံ စည်းမျဉ်းစည်းကမ်းတွေ၊ အယူအဆတွေအပေါ်မှာ ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်တဲ့ တစ်ခုတည်းသော တော်လှန်ရေးဖြစ်ပါတယ်”
Ref: PressTV


Leave a Reply
You must be logged in to post a comment.