ဇန်န၀ါရီ ၁၃၊ ၂၀၁၆
M-Media

– ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းလုပ်ငန်းများတွင် ကျွန်ပြု ခိုင်းစေခံထားရသည့် မြန်မာနိုင်ငံသား ၂၃ ဦးကို အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု Jakarta Post တွင် ယမန်နေ့ နေ့စွဲဖြင့်ဖော်ပြခဲ့သည်။
ငါးဖမ်းကုမ္ပဏီများနှင့် ပြဿနာများကို ပြေလည်အောင် ဖြေရှင်းခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှား ငါးလုပ်ငန်းဝန်ကြီး ဆူစီ ပဒ်ဂျီယက်စ်တူတီက ကျွန်ပြုခံအလုပ်သမားများမှာ စုစုပေါင်း ၁၀၃ ဦးရှိပြီး ထိုအထဲမှ ၇၃ ဦးက ၎င်းတို့ ရရှိရန် ကျန်ရှိနေသည့် လုပ်ခလစာများကို ငါးဖမ်းကုမ္ပဏီက ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ကျန်ရှိနေသည် ၃၀ မှာမူ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ၎င်းတို့အား မိမိတို့က နေရာထိုင်ခင်းပေးထားသည်ဟု ၀န်ကြီးက ဆိုသည်။
ယခုပို့ဆောင်မှုမှာ ပထမအသုတ်ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ၁၄ ဦးပါ ဒုတိယအသုတ်ကို ထပ်မံ ပို့ဆောင်ပေးသွားမည်ဟု ဆိုသည်။ ကျန်ရှိသည့် ၂၄ ဦးအတွက် မြန်အစိုးရက နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးမှုများ ပြုလုပ်နေပြီး လိုအပ်သည့်အထောက်အထားများ မရရှိသေးဟု ၀န်ကြီး၏ ပြောကြားမှုကို ကိုးကား၍ Jakatar Post က ထည့်သွင်းဖော်ပြခဲ့သည်။
Ref: Mizzima
Leave a Reply
You must be logged in to post a comment.