ဇန်န၀ါရီ ၁၄၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်းတို့၏ ဆန္ဒပြမှုများအတွင်း အစ္စရေးက တရားလက်လွတ် သတ်ဖြတ်မှု ပြုလုပ်ခဲ့သလားဆိုသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့တ် ဝေါလ်စထရုမ်းက အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။
“ဖြစ်နိုင်ဖွယ်ရာရှိတဲ့ တာဝန်ခံမှုတွေကို ဆန်းစစ်ဖော်ထုတ်ဖို့အတွက် ဒီသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ပြည့်စုံတဲ့၊ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုရှိဖို့ အရေးကြီးပါတယ်” ဟု အစ္စရေး၏ တရားလက်လွတ်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးစဉ် ဝေါလ်စထရုမ်းက ထည့်သွင်းပြောကြားခဲ့သည်။
ဝန်ကြီးမှာ အစ္စရေး၏ မူဝါဒများအပေါ် မကြာသေးမီကပင် တိုက်ရိုက်ဝေဖန်မှု အများအပြား ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်လခန့်ကလည်း ပဲရစ်တိုက်ခိုက်မှုနှင့် ပါလက်စတိုင်းတို့၏မျှော်လင့်ချက် ပျက်သုံးမှုကို ချိတ်ဆက်ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေးမှာ ပါလက်စတိုင်းတိုက်ခိုက်သူများကို တရားဥပဒေအရ စစ်ဆေးကြားနာခြင်းမပြုဘဲ သတ်ဖြတ်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ဝေါလ်စတရုမ်း၏ပါတီ အာဏာရပြီးမကြာခင် ဆွီဒင်နိုင်ငံက ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း အစ္စရေးနှင့် ဆွီဒင်နိုင်ငံတို့၏ ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.