News @ M-Media

ထိုင်ဝမ်သမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီးသမ္မတ ထွက်ပေါ်လာ

ဇန်န၀ါရီ ၁၆၊ ၂၀၁၆
M-Media

taiwan

– ထိုင်ဝမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် တရုတ်မှ ခွဲထွက်ရေးကို လိုလားသည့် အတိုက်အခံပါတီခေါင်းဆောင် Tsai Ing-wen က အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတ ဖြစ်လာခဲ့သည်။

ယနေ့ မဲရေတွက်မှု တစ်ဝက်ကျော် ပြီးစီးခဲ့သည့်အချိန်တွင် Democratic Progressive Party မှ Tsai က စုစုပေါင်း မဲအရေအတွက်၏ ၅၈.၁ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး၊ ထိုင်ဝမ်အား ၈ နှစ်ကြာအုပ်စိုးခဲ့သည့် တရုတ်ထောက်ခံသော အာဏာရ Kuomintang ပါတီခေါင်းဆောင် အဲရစ်ချူးကလည်း ၎င်း ရှုံးနိမ့်ကြောင်း လက်ခံခဲ့သည်။ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည့် အဲရစ်ချူးမှာမူ ၃၂.၅ ရာခိုင်နှုန်းသာ မဲရရှိခဲ့သည်။

ပါလီမန်ရွေးကောက်ပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ပြီး Democratic Progressive Party ပါတီက အနိုင်ရပါက Tsai မှာ လုပ်ပိုင်ခွင့် ပိုရလာမည်ဖြစ်သည်။ သူမ၏ပါတီမှာ ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားသော်လည်း Tsai ကမူ သူမမှာ တရုတ်နှင့် လက်ရှိအခြေအနေကို ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။ ကျွမ်းကျင်သူများကမူ လက်တွေ့တွင် Tsai  တရုတ်နှင့် ကင်းကွာအောင် ဆောင်ရွက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply