ဖေဖော်ဝါရီ ၇၊ ၂၀၁၆
M-Media
– အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ Indian Point နျူကလီးယားဓာတ်အားပေးစက်ရုံမှ ယိုစိမ့်မှုကြောင့်ပတ်ဝန်းကျင်တစ်ဝိုက်ရှိ မြေအောက်ရေအား ရေဒီယိုသတ္တုကြွကာ ထိခိုက်စေခဲ့သည်ဟု မြို့တော် အုပ်ချုပ်ရေးမှူး အန်ဒရူး ကျူအိုမိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။
အဆိုပါ ဓာတ်အားပေးစက်ရုံအောက်ရှိ မြေအောက်ရေမှာ နယူးယောက်မြို့မြောက်ပိုင်း ၂၅ မိုင်မှ ဟဒ်ဆန်မြစ်အတွင်း စီးဝင်သည့် ရေလမ်းကြောင်းဖြစ်ပြီး ရေဒီယိုသတ္ထုကြွမှု ရာခိုင်နှုန်း ၆၅၀၀၀ ခန့်ရှိနေသည်။ သို့သော်လည်း ထိုရေမှာ သောက်ရေ ဖြန့်ဖြူးပေးသည့် ရေအရင်းအမြစ်မဟုတ်ပေ။
ဓာတ်အားပေးစက်ရုံအား တာဝန်ယူလည်ပတ်နေသော Entergy ကုမ္ပဏီကမူ အဆိုပါ ရေဒီယိုသတ္တုကြွမှုကို အတည်ပြုခဲ့သော်လည်း ပြည်သူများအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး နောက်ဆက်တွဲပြဿနာများ ရှိမည်မဟုတ်ဟု ဆိုသည်။
ထို့ပြင် ရေသို့ပျော်ဝင်ပါက ရေဒီယိုသတ္တုကြွမှုကို အားပျော့စေမည်ဖြစ်သောကြောင့် ဟူစတန်မြစ်ကိုလည်း ထိခိုက်ပျက်စီးစေမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အုပ်ချုပ်ရေးမှူး ကျူအိုမိုကမူ ထိုကဲ့သို့ ယိုစိမ့်မှုအတွက် အလွန်အမင်း စိုးရိမ်မိပြီး၊ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနသို့ ညွှန်ကြားထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ၁၀ မိုင်ပတ်ဝန်းကျင်ကို ကယ်ဆယ်ရေးဇုန်အဖြစ် သတ်မှတ်ထားပြီး ထိုနေရာတွင် လူဦးရေ ၃၁၇၀၀၀ ခန့် ရှိနေသည်။
Ref: CNN
Leave a Reply
You must be logged in to post a comment.